အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး အလွတ်တန်းဘိလိယက်/စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ စက်တင်ဘာလ(၂၉)ရက်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့ဘိလိယက်/စနူကာအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိတိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီးအလွတ်တန်းဘိလိယက်/စနူကာပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပြီး ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု့အားပေးခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသူများမှ ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်လက်ပြီးဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသား/အမျိုးသမီး (တစ်ဦးချင်း) 9-Ball ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိကြသော အမျိုးသားအကောင်းဆုံးအားကစားသမားဆုရ မောင်ကျော်ဇင်သန့် (မန္တလေးတိုင်းဒေသကြီး)၊ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရ မသင်းထက်ထက်နိုင်(ရှမ်းပြည်နယ်)တို့အား ပြည်နယ်ဘိလိယက်/စနူကာ ဆပ်ကော်မတီ ဥက္ကဌ ဦးဇော်သန်းထိုက်မှလည်းကောင်း၊ အမျိုးသား(နှစ်ယောက်တွဲ) ဘိလိယက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရှမ်းပြည်နယ်အသင်း၊ တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပူးတွဲတတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့နှင့် အမျိုးသား (နှစ်ယောက်တွဲ) 9-Ball ပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း ၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော ရခိုင်ပြည်နယ်အသင်းနှင့် ပူးတွဲတတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှလည်းကောင်း၊ အမျိုးသမီး(နှစ်ယောက်တွဲ) 9-Ball ပြိုင်ပွဲတွင် ပထမဆုရရှိသော ရှမ်းပြည်နယ်အသင်း ၊ ဒုတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပူးတွဲတတိယဆုရရှိသော မွန်ပြည်နယ်အသင်းတို့နှင့် အမျိုးသမီး (တစ်ဦးချင်း) 9-Ball ပြိုင်ပွဲတွင် ပထမဆုရရှိသော မသင်းထက်ထက်နိုင် (ရှမ်းပြည်နယ်)၊ ဒုတိယဆုရရှိသော မဇာဖြူဝင်း(မန္တလေးတိုင်းဒေသကြီး)၊ တတိယဆုရရှိသော မထက်သီတာအောင်(ရခိုင်ပြည်နယ်)နှင့် ပူးတွဲတတိယဆုရရှိသော မဆုပြည့်စုံ (မကွေးတိုင်းဒေသကြီး) တို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများနှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံမှလည်းကောင်း၊ အမျိုးသား(တစ်ဦးချင်း) 9-Ball ပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်စစန်းမင်းထွန်း (ဧရာဝတီတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော မောင်ကျော်ဇင်သန့်(မန္တလေးတိုင်းဒေသကြီး)၊ တတိယဆုရရှိသော မောင်မိုးဝင်း (ဧရာဝတီတိုင်းဒေသကြီး)နှင့် ပူးတွဲတတိယဆုရရှိသော မောင်စိုင်းစွံဆိုင်း (ရှမ်းပြည်နယ်)တို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများနှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှလည်းကောင်း၊ အမျိုးသား(တစ်ဦးချင်း) ဘိလိယက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ကျော်စွာဝင်း(ဧရာဝတီတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော မောင်စိုးသီဟ (ပဲခူးတိုင်းဒေသကြီး)၊ တတိယဆုရရှိသော မောင်ကျော်စိုးလွင် (ရှမ်းပြည်နယ်)နှင့် ပူးတွဲတတိယဆုရရှိသော မောင်သက်ဝင်းလှိုင်(နေပြည်တော်)၊ အမျိုးသား(တစ်ဦးချင်း) ဘိလိယက်ပြိုင်ပွဲတွင် ရမှတ်(၈၁) မှတ်ဖြင့် အမှတ်အများဆုံးရရှိသွားသော မောင်အောင်ဝေဖြိုး(မကွေးတိုင်းဒေသကြီး)တို့နှင့် အမျိုးသား 6-Red ပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်နေမင်းထွန်း(ရန်ကုန်တိုင်းဒေသကြီး)၊ဒုတိယဆုရရှိသော မောင်သက်မှူးကြည်လှိုင်(ကရင်ပြည်နယ်)၊ တတိယဆုရရှိသော မောင်ဟန်သာလင်း (ရန်ကုန်တိုင်းဒေသကြီး)နှင့် ပူးတွဲတတိယဆုရရှိသော မောင်ဖီးအီ (ရှမ်းပြည်နယ်)၊ အမျိုးသား 6-Red ပြိုင်ပွဲတွင် ရမှတ်(၅၂)မှတ်ဖြင့် အမှတ်အများဆုံးရရှိသွားသော မောင်နေမင်းထွန်း(ရန်ကုန်တိုင်းဒေသကြီး) တို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများနှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်မှလည်းကောင်း၊ အမျိုးသား 15-Red ပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ကျော်ဝင်းလှိုင်(မန္တလေးတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော မောင်ကျော်စိုးထွန်း(ရှမ်းပြည်နယ်)၊ တတိယဆုရရှိသော မောင်ကောင်းစျာန်ထက်(မကွေးတိုင်းဒေသကြီး)နှင့် ပူးတွဲတတိယဆုရရှိသော မောင်ရဲထွဋ်နိုင်(ဧရာဝတီတိုင်းဒေသကြီး)၊ အမျိုးသား 15-Red ပြိုင်ပွဲတွင် ရမှတ် (၇၃)မှတ်ဖြင့် အမှတ်အများဆုံးရရှိသွားသော မောင်ကောင်းစျာန်ထက်(မကွေးတိုင်းဒေသကြီး)တို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများနှင့်အတူ တံခွန်စိုက်ဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဆုဖလားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိခဲ့ရပြီး အဆိုပါ ပြိုင်ပွဲအား ၂၃.၉.၂၀၂၂ ရက်နေ့မှ ၂၉.၉.၂၀၂၂ ရက်နေ့ထိ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းပေါင်း(၁၃)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။