အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲဆက်လက်ကျင်းပ

ရန်ကုန်၊စက်တင်ဘာလ (၁၉)ရက်။

၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးစားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၉:၀၀) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ စားပွဲတင်တင်းနစ် အားကစားဝါသနာရှင်များလာရောက် ကြည့်ရှုအားပေးခဲ့သည်။

ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ အမျိုးသားအသင်းလိုက်နှင့် အမျိုးသမီးအသင်းလိုက် ပွဲစဉ်များ၊ အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲပွဲစဉ်များ၊ အမျိုးသားနှစ်ယောက်တွဲပွဲစဉ်များ၊ အမျိုးသမီးနှစ်ယောက်တွဲပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသားအသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်၌ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းကပထမရရှိ၍လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပထမရရှိခဲ့ပါသည်။

အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ ရှုံး/ထွက်ပွဲစဉ်များ၌အုပ်စု(၁)တွင် ဟိန်းကိုလှိုင် +မှူးသဇင်(ပဲခူးတိုင်းဒေသကြီး)နှင့် ဇင်မင်းဟိန်း+နန်းဆက်ဝါ(ရန်ကုန်တိုင်းဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ ဇင်မင်းဟိန်း+ နန်းဆက်ဝါ (ရန်ကုန်တိုင်းဒေသကြီး)ကလည်းကောင်း၊ အုပ်စု(၂)တွင် မြတ်သူရလင်း+နိုင်နိုင်ဝင်း(ရှမ်းပြည်နယ်)နှင့် သူရမင်းသန့်+ အေးသီရိထွန်း(ဧရာဝတီတိုင်းဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ မြတ်သူရလင်း+နိုင်နိုင်ဝင်း(ရှမ်းပြည်နယ်)ကလည်းကောင်း၊ အုပ်စု(၃)တွင် မိုးဇော်+ဝိုင်းဝိုင်း(စစ်ကိုင်းတိုင်းဒေသကြီး)နှင့် ထက်မြတ်+လင်းသူဇာ(ရန်ကုန်တိုင်းဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ ထက်မြတ်+လင်းသူဇာ(ရန်ကုန်တိုင်းဒေသကြီး)ကလည်းကောင်း၊ အုပ်စု(၄)တွင် စောတာဝေလင်း+ယဉ်ဝေခိုင် (ရန်ကုန်တိုင်းဒေသကြီး)နှင့် သိန်းထက်ဇံ+ယွန်းဝတီ(ပဲခူးတိုင်းဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ စောတာဝေလင်း+ယဉ်ဝေခိုင်(ရန်ကုန်တိုင်းဒေသကြီး)က အနိုင်ရရှိပြီး ဆီးမီးဖိုင်နယ်ပြိုင်ပွဲသို့ တက်ရောက်ယှဉ်ပြိုင်ကစားကြရာ ဇင်မင်းဟိန်း+နန်းဆက်ဝါ (ရန်ကုန်တိုင်းဒေသကြီး)နှင့် မြတ်သူရလင်း+နိုင်နိုင်ဝင်း(ရှမ်းပြည်နယ်)တို့တွင် ဇင်မင်းဟိန်း+နန်းဆက်ဝါ (ရန်ကုန်တိုင်းဒေသကြီး)ကလည်းကောင်း၊ ထက်မြတ်+လင်းသူဇာ(ရန်ကုန်တိုင်းဒေသကြီး)နှင့် စောတာဝေလင်း+ယဉ်ဝေခိုင်(ရန်ကုန်တိုင်းဒေသကြီး)တို့တွင် စောတာဝေလင်း+ယဉ်ဝေခိုင် (ရန်ကုန်တိုင်းဒေသကြီး) တို့ကလည်းကောင်းအနိုင်ရရှိပြီး ဗိုလ်လုပွဲစဉ်၌ ဇင်မင်းဟိန်း+ နန်းဆက်ဝါ (ရန်ကုန်တိုင်းဒေသကြီး) နှင့် စောတာဝေလင်း + ယဉ်ဝေခိုင် (ရန်ကုန်တိုင်းဒေသကြီး) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာဇင်မင်းဟိန်း+ နန်းဆက်ဝါ (ရန်ကုန်တိုင်းဒေသကြီး)က ပထမရရှိသွားသည်။

အမျိုးသားနှစ်ယောက်တွဲ ရှုံး/ထွက်ပြိုင်ပွဲပွဲစဉ်များ၌ အုပ်စု(၁)တွင် သက်ထက်တန် + ရဲလင်းနိုင်(မန္တလေးတိုင်းဒေသကြီး)နှင့် စောတာဝေလင်း+ဇင်မင်းဟိန်း(ရန်ကုန်တိုင်းဒေသကြီး) တို့ ယှဉ်ပြိုင်ကစားကြရာ စောတာဝေလင်း + ဇင်မင်းဟိန်း (ရန်ကုန်တိုင်းဒေသကြီး)ကလည်းကောင်း၊ အုပ်စု(၂)တွင် အောင်ခိုင်ဖြိုး + မင်းအောင်ဘုန်းပြည့်သျှံ (မွန်ပြည်နယ်)နှင့် စွမ်းပြည့်ထွန်း + စည်လင်းထွန်း(တနင်္သာရီတိုင်းဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ အောင်ခိုင်ဖြိုး + မင်းအောင် ဖုန်းပြည့် (မွန်ပြည်နယ်)ကလည်းကောင်း အနိုင်ရရှိပြီး ဗိုလ်လုပွဲစဉ်၌ စောတာဝေလင်း+ ဇင်မင်းဟိန်း(ရန်ကုန်တိုင်းဒေသကြီး)နှင့် အောင်ခိုင်ဖြိုး + မင်းအောင်ဘုန်းပြည့်သျှံ (မွန်ပြည်နယ်) တို့ ယှဉ်ပြိုင်ကစားကြရာ စောတာဝေလင်း+ ဇင်မင်းဟိန်း (ရန်ကုန်တိုင်းဒေသကြီး)က ပထမ ရရှိသွားပါသည်။

အမျိုးသမီးနှစ်ယောက်တွဲ ရှုံး/ထွက်ပြိုင်ပွဲပွဲစဉ်များ၌ အုပ်စု(၁)တွင် နိုင်နိုင်ဝင်း + မြတ်နိုးဝသာန်(ရှမ်းပြည်နယ်)နှင့် ရတနာစိုး + ပုလဲနှစ် (စစ်ကိုင်းတိုင်းဒေသကြီး)တို့ ယှဉ်ပြိုင် ကစားကြရာရတနာစိုး +ပုလဲနှစ် (စစ်ကိုင်းတိုင်းဒေသကြီး)ကလည်းကောင်း၊ အုပ်စု(၂)တွင် ထက်ထက်ဝင်း+မေလပြည့်ဝန်း (မွန်ပြည်နယ်)နှင့် နန်းဆက်ဝါ+ ယဉ်ဝေခိုင် (ရန်ကုန်တိုင်း ဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာနန်းဆက်ဝါ + ယဉ်ဝေခိုင် (ရန်ကုန်တိုင်း ဒေသကြီး) ကလည်းကောင်း အနိုင်ရရှိပြီးဗိုလ်လုပွဲစဉ်၌ ရတနာစိုး + ပုလဲနှစ် (စစ်ကိုင်းတိုင်းဒေသကြီး)နှင့် နန်းဆက်ဝါ + ယဉ်ဝေခိုင် (ရန်ကုန်တိုင်းဒေသကြီး)တို့က ယှဉ်ပြိုင်ကစားကြရာ နန်းဆက်ဝါ + ယဉ်ဝေခိုင် (ရန်ကုန်တိုင်းဒေသကြီး)က ပထမရရှိသွားပါသည်။

(၁၉.၉.၂၀၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်မှ စ၍ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။