အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်၊ စက်တင်ဘာ (၁၂)ရက်။

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉:၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်နှင့်တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ အုပ်ချုပ်/နည်းပြများနှင့် ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်က အပြည်ပြည်ဆိုင်ရာ စစ်တုရင် လူငယ်(တစ်ဦးချင်း) ပြိုင်ပွဲတွင် ပထမရရှိသောသီဟဇော်(ရှမ်းပြည်နယ်)၊ ဒုတိယရရှိသော ပိုင်ဇေယျာကို(စစ်ကိုင်းတိုင်းဒေသကြီး)၊ တတိယရရှိသော ဝဏ္ဏဌေး(မွန်ပြည်နယ်)တို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကိုလည်းကောင်း၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အပြည်ပြည်ဆိုင်ရာစစ်တုရင် လူငယ်(အသင်းလိုက်)ပြိုင်ပွဲတွင် ပထမရရှိသော(မွန်ပြည်နယ်)အသင်း၊ ဒုတိယရရှိသော (မန္တလေးတိုင်းဒေသကြီး) အသင်း၊ တတိယရရှိသော(ရှမ်းပြည်နယ်)အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသမီး (တစ်ဦးချင်း)ပြိုင်ပွဲတွင် ပထမရရှိသော မျိုးမျိုးသူ(ပဲခူးတိုင်းဒေသကြီး)၊ ဒုတိယရရှိသောဆုလဲ့နန္ဒာ (မန္တလေးတိုင်းဒေသကြီး)၊ တတိယရရှိသော အိသင်္ကြန် (ဧရာဝတီတိုင်းဒေသကြီး)တို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အပြည်ပြည်ဆိုင်ရာစစ်တုရင်အမျိုးသမီး(အသင်းလိုက်)ပြိုင်ပွဲတွင် ပထမရရှိသော (မန္တလေးတိုင်းဒေသကြီး)အသင်း၊ ဒုတိယရရှိသော(မွန်ပြည်နယ်) အသင်း၊ တတိယရရှိသော(ပဲခူးတိုင်းဒေသကြီး)အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးဗိုလ်ဌေးက အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသား(တစ်ဦးချင်း) ပြိုင်ပွဲတွင် ပထမရရှိသောမင်းခိုင်ဦး(မန္တလေးတိုင်းဒေသကြီး)၊ ဒုတိယရရှိသော ထက်ဇော်ဖုန်း (ရန်ကုန်တိုင်းဒေသကြီး)၊ တတိယရရှိသော မျိုးကျော်လှိုင်(မွန်ပြည်နယ်)တို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ် ဦးဌေးအောင်က အပြည်ပြည်ဆိုင်ရာ စစ်တုရင်အမျိုးသား(အသင်းလိုက်)ပြိုင်ပွဲတွင် ပထမရရှိသော(ရန်ကုန်တိုင်းဒေသကြီး)အသင်း၊ ဒုတိယရရှိသော (မန္တလေးတိုင်းဒေသကြီး)အသင်း၊ တတိယရရှိသော နေပြည်တော်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က အပြည်ပြည်ဆိုင်ရာစစ်တုရင် လူငယ်အသင်းလိုက် တံခွန်စိုက်ဒိုင်းဆု ရရှိသော မွန်ပြည်နယ်အသင်းအား တံခွန်စိုက်ဒိုင်းဆုကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသမီးအသင်းလိုက် တံခွန်စိုက်ဒိုင်းရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသားအသင်းလိုက် တံခွန်စိုက်ဒိုင်းရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား တံခွန်စိုက်ဒိုင်းဆုများအား ချီးမြှင့်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။