အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများတက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၄)ရက်။

မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားပြီး လူငယ်မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင် စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာကြံ့ခိုင်သောလူငယ်များအဖြစ် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများနှင့် ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ” ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား” ကို နေပြည် တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဖဒိုမန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးချစ်နိုင်၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာဌေးအောင် နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေး ခဲ့ကြပါသည်။

ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ပြိုင်ပွဲအမျိူးအစား ဝိတ်တန်းအလိုက် (၄၅-၅၀) ကီလို အမျိုးသား/အမျိုးသမီး ဓါးအတိုက်ပြိုင်ပွဲ၊  (၅၇-၆၁) ကီလို အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲ၊ (၆၁-၆၅) ကီလို အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲ၊ (၄၉-၅၃) ကီလို အမျိုးသမီး ဗန်တိုအတိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက်  ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ (၆၁-၆၅) ကီလို အမျိုးသမီး ဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း၊ (၆၁-၆၅) ကီလို အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိသူများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်မှ လည်းကောင်း၊ (၄၅-၅၀) ကီလို အမျိုးသား ဓါးတစ်လက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးမှလည်းကောင်း၊ (၄၅-၅၀) ကီလို အမျိုးသမီး ဓါးတစ်လက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိသူများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မှလည်းကောင်း၊ (၄၉-၅၃) ကီလို အမျိုးသမီး ဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိသူများကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မှလည်းကောင်း၊ (၅၇-၆၁) ကီလို အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိသူများကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင် မှလည်းကောင်း၊ (၆၁-၆၅) ကီလို အမျိုးသား ဗန်တိုအတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မှလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးငွေများအား အသီးသီးချီးမြှင့်ခဲ့ပါသည်။          

ဆက်လက်ပြီး အမျိုးသား/အမျိုးသမီး လက်သိုင်းအတိုက်ပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသည့် မောင်ဇွဲဝေယံဖြိုး (ရှမ်း)နှင့် မဆုမြတ်နိုး (တနင်္သာရီ)၊ ဓါးအတိုက်ပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသည့် မောင်စိုင်းလင်းထွေး (ရှမ်း)နှင့် မဇင်မို့မို့ထွေး (မကွေး)တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်းဟာ မှ အကောင်းဆုံးအားကစားသမားဆု (Trophy)နှင့် ဆုကြေးငွေ (၁ဝဝဝဝဝိ/-)ကျပ်စီအား လည်းကောင်း၊ ရွှေ(၆)ခု၊ ငွေ(၆)ခု၊ ကြေး(၁)ခုဖြင့်  အမျိုးသားတံခွန်စိုက်ဒိုင်းရရှိသည့်  မန္တလေးတိုင်း‌ဒေသကြီးအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် မှလည်းကောင်း၊ ရွှေ(၇)ခု၊ ငွေ(၂)ခု၊ ကြေး(၅)ခု ဖြင့်  အမျိုးသမီး တံခွန်စိုက်ဒိုင်းရရှိသည့်  မန္တလေးတိုင်း‌ဒေသကြီးအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်မှလည်းကောင်း၊ ရွှေ(၁၃)ခု၊ ငွေ(၈)ခု၊ ကြေး(၆)ခုဖြင့်  စုပေါင်းတံခွန်စိုက်ဒိုင်းရရှိသည့်  မန္တလေးတိုင်း‌ဒေသကြီးအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်မှ တံခွန်စိုက်ဒိုင်းဆုများအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။