အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

လားရှိုးမြို့၊ စက်တင်ဘာ (၁) ရက်။

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို လားရှိုးမြို့ရှိ လေ့ကျင့်ရေးအားကစားရုံ၌ ၃၁.၈.၂၀၂၂ ရက်နေ့ ညနေ (၁၄း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပြီး အမျိုးသမီး 5×5 ဗိုလ်လုပွဲ ပွဲစဥ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရှမ်းပြည်နယ်အသင်းကို ၇၂ မှတ် ၊ ၄၅ မှတ်ဖြင့် အနိုင်ရရှိသွားကာညနေ(၁၅း၃၀)နာရီအချိန်တွင် အမျိုးသား 5×5 ဗိုလ်လုပွဲ ပွဲစဥ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရှမ်းပြည်နယ်အသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို ၉၇ မှတ်၊ ၆၆ မှတ်ဖြင့် အနိုင်ရရှိသွားကြောင်း သိရှိခဲ့ရပါသည်။

အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ယှဥ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ဒုတိယပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသူများမှ ကြည့်ရှုအားပေးခဲ့ကြပါသည်။

ပြိုင်ပွဲတွင် ဆုရရှိသွားသော အသင်းများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိခဲ့ရပြီး အဆိုပါ ဘတ်စကက်ဘောပြိုင်ပွဲအား ၂၅.၈.၂၀၂၂ ရက်နေ့မှ ၃၁.၈.၂၀၂၂ ရက်နေ့ထိ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အသင်းပေါင်း(၁၁)သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။