အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည် ပွဲစဉ်များဆက်လက်ကျင်းပ

နေပြည်တော်၊ ဇူလိုင်(၂၅)ရက်။

မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက် အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍       ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ်(၁)နှင့်(၃)၌ ဆက်လက်ကျင်းပပြုလုပ်လျက် ရှိရာ ယနေ့ညနေ(၃:၃၀)နာရီတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၁)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက် (၂)ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ်(၃)၌ ချင်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့  ယှဉ်ပြိုင်ကစားကြရာ မကွေးတိုင်းဒေသကြီးအသင်းမှ ချင်းပြည်နယ်အသင်းကို ရလဒ် (၆)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။

(၂၆.၇.၂၀၂၂)ရက်နေ့တွင် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ(၃:၃၀)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ်(၁)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအမှတ်(၃)၌ ကချင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။