အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲများဆက်လက်ကျင်းပ

နေပြည်တော်၊ ဇူလိုင် (၁၂)ရက်။

မြန်မာ့ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကို အထောက်အကူ ပြုစေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း(C)ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ နှစ်ယောက်တွဲ အဖွဲ့လိုက် (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီ နယ်မြေအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ နှစ်ယောက်တွဲ အဖွဲ့လိုက် (အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက နေပြည်တော်ကောင်စီနယ်မြေအသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။

ဆက်လက်၍ နှစ်ယောက်တွဲအဖွဲ့လိုက် (အမျိုးသား) ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် စစ်ကိုင်း တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီ နယ်မြေအသင်းက မွန်ပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ နှစ်ယောက်တွဲအဖွဲ့လိုက် (အမျိုးသမီး) ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီး အသင်းကို (၂)ပွဲ (၁)ပွဲ ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။

အဆိုပါ ၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲ (၁၂.၇.၂၀၂၂)ရက်နေ့တွင် နှစ်ယောက်တွဲအဖွဲ့လိုက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(C)ရုံတွင် နံနက်(၈:၀၀)နာရီမှစတင်၍ ဆက်လက်ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပါ သဖြင့် ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိပါသည်။