အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများအသင်း နှစ်ပတ်လည်အခမ်းအနား ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ နိုဝင်ဘာလ ( ၆ )ရက်။

၂၀၂၂ ခုနှစ်၊ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း နှစ်ပတ်လည်အခမ်းအနားကျင်းပနိုင်ရန် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ၊ မြန်မာ့လက်ရွေးစင်ဟောင်းများအသင်းရုံး၌ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဥက္ကဋ္ဌ Drဦးနန္ဒကျော်စွာ၊ နာယက ဦးသက်ဝင်း၊ ဦးအုန်းရှိန်နှင့် ဦးတင်အောင်(ဂိုး) ဒုတိယဥက္ကဋ္ဌ ဦးအေးမောင်ကြီး၊ ဦးမောင်မြင့်၊ ဦးလှရွှေလေး နှင့် အမှု့ဆောင်များ၊ အလှူရှင်များတက်ရောက်ကြသည်။

ရှေးဦးစွာ ဥက္ကဋ္ဌ Drဦးနန္ဒကျော်စွာက ကမ္ဘာတည်သ၍ အားကစားဆိုတာရှိနေမှာဖြစ်ပြီး၊ အားကစားရှိနေသ၍ လက်ရွေးစင်အားကစားသမားဆိုတာ ရှိနေမှာဖြစ်တဲ့အတွက် သမိုင်းအမွေလက်ဆင့်ကမ်းရင်း အသင်းကြီး တည်တံ့ပျံ့ပွားရေးကို ပူးပေါင်းဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့ပြီး၊ အတွင်းရေးမှူး ဦးစိုးသိန်းက နှစ်ပတ်လည်အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစီစဉ်များကို အသေးစိတ်ဆွေးနွေး၍ အလှူငွေရရှိရေး၊ အခမ်းအနားဖြစ်မြောက်ရေးကို ဝိုင်ဝန်းကူညီသူများကို မှတ်တမ်းနှင့်အတူ ဂုဏ်ပြုလက်ဆောင်ပေးနိုင်ရေး၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးရေး၊ ဖိတ်ကြား/ကြိုဆိုနေရာချ ဧည့်ခံကျွေးမွေးရေးကိစ္စများကိုတင်ပြရာ အစည်းအဝေး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြစ်ကြီးနားအသင်း(ရန်ကုန်) သာရေးနာရေးကော်မတီဥက္ကဋ္ဌ ဒေါ်ရွှေကူနန်းနွဲ့နွဲ့က ၂ သိန်းအားလှူဒါန်း၍ လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်ညိုနှင့် အမှုဆောင်တို့က ၂ သိန်းအားလှူဒါန်းခဲ့ရာ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က လက်ခံရယူခဲ့သည်။

ယင်းနောက် ဦးစိုးသိန်းနှင့်ဒေါ်ဘေဘီတို့က မြစ်ကြီးနားအသင်း(ရန်ကုန်) သာရေးနာရေးကော်မတီဥက္ကဋ္ဌအား ဂုဏ်ပြုလက်ဆောင်ပေး၍လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌများက တီးဝိုင်းနှင့်အဆို ကူညီ့ပိုးသူများအား ဂုဏ်ပြုလက်ဆောင်းများ အသီးသီးပေးအပ်ခဲ့ပြီး နေ့လယ်စာဒံပေါက်နဲ့ တည်းခင်းဧည့်ခံခဲ့ကြသည်။

ဆဋ္ဌမအကြိမ်မြောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း နှစ်ပတ်လည်အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) NIS(1)၊ သုဝဏ္ဏ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။