အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ၊မြို့နယ်ပေါင်းစုံ အမျိုးသမီး အသက် (၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၂ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ၊မြို့နယ်ပေါင်းစုံ အမျိုးသမီး အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၄.၁၀.၂၀၂၂)ရက်နေ့ ညနေ ၃နာရီအချိန် အောင်သံလွင်အားကစားကွင်း၊ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ၊ပြည်နယ်တရားသူကြီးချုပ် ဒေါ် ခင်ဆွေထွန်း နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။

ရှေ့ဦးစွာ ပြိုင်ပွဲဝင်မြို့နယ်အသင်း (၇)သင်း မှကွင်းအတွင်းနေရာယူပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်စေခဲ့ပါသည်။ ထိုနောက် အားကစားသမားများ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီးနောက် အားကစားသမားများကွင်းအတွင်းမှ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြု ထွက်ခွာခဲ့ပါသည်။ ဆက်လက်၍ အ.ထ.က (၄)ကျောင်း ဘင်ခရာ၊ ပန်းပွားအဖွဲ့မှ သရုပ်ပြသခဲ့ကြပြီး နောက်ကွင်းအတွင်းမှစစ်ကြောင်းပုံဖြင့် ချီတက်အလေးပြု၍ ဆက်လက်ထွက်ခွာခဲ့ပါသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ အ.ထ.က (၄)ကျောင်း ဘင်ခရာ ၊ပန်းပွားအဖွဲ့အား ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ဖွင့်ပွဲယှဉ်ပြိုင်မည့် နှစ်ဖက်အသင်းမှအားကစားသမားများ နှင့် ဒိုင်အဖွဲ့ကွင်းအတွင်း နေရာယူခဲ့ကြပြီး၊အခမ်းအနားမှူးမှ အားကစားသမားများနှင့် ဒိုင်အဖွဲ့အား ပရိတ်သတ်နှင့် မိတ်ဆက်ပေးခဲ့ပြီး ပြိုင်ပွဲအားစတင်ယှဉ်ပြိုင်ကစားစေခဲ့ပါသည်။

ယနေ့ ဖွင့်ပွဲ၊ပြိုင်ပွဲပွဲစဉ်ဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းနှင့် ဘားအံမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ၀:၁၀ ဖြင့် ဘားအံမြို့နယ်အသင်းမှ အနိုင်ရရှိခဲ့ပြီး ဘားအံမြို့နယ်မှ ကျောနံပါတ်(၄) နန်းစနေမမှ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါသည်။

အဆိုပါပြိုင်ပွဲကို (၄.၁၀.၂၀၂၂) ရက်နေ့မှ (၈.၁၀.၂၀၂၂) ရက်နေ့ထိ ဘားအံမြို့အောင်သံလွင် ဘောလုံးကွင်းတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်းနှင့်မည်သူမဆိုအခမဲ့ လာရောက်အားပေးကြည့်ရှူနိုင်ပါကြောင်း သိရှိရပါသည်။