အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တက်ရောက် ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီလ(၁)ရက်။

၂၀၂၂ခုနှဈ၊ (၇၄)နှဈမှောကွ လှတလွပရွေးနေ့အထိမွးအမှတွ အားကစားပှိုငပွှဲမှားကို ၂၀၂၁ခုနှဈ၊ ဒီဇငဘွာလ (၂၁)ရကနွေ့မှစ၍ ၂၀၂၂ခုနှဈ၊ ဇနနွဝါရီလ (၄)ရကနွေ့အထိ နပှညတွေောွ ဝဏဏြသိဒိဓအားကစားကှငွး (Sports Complex) ရှိ သကဆွိုငရွာ အားကစားကှငွး/အားကစားရုံမှားတှငွ အားကစားပှိုငပွှဲမှားကို ဆကလွကကွငွှးပပှုလုပလွကှရွှိရာ ယနေ့နံနကပွိုငွးတှငွ အားကစားနှင့ွ လူငယရွေးရာဝနကွှီးဌာန ဒုတိယဝနကွှီး (၇၄)နှဈမှောကွ လှတလွပရွေးနေ့အထိမွးအမှတွ အားကစားပှိုငပွှဲကငွှးပရေး ဆပကွောမွတီ ဒုဥကကြဌ ဦးမှိုးလှိုငွ၊ အားကစားနှင့ကွာယပညာဦးစီးဌာန ညှှနကွှားရေးမှူးခှုပွ ဦးထှနွးမှင့ွဦး၊ ဒုတိယညှှနကွှားရေးမှူးခှုပမွှားဖှဈကှသော ဦးကှောွဦး၊ ဦးကှောဆွနွးဦးနှင့ွ ဌာနခှဲအလိုကွ ညှှနကွှားရေးမှူးမှား၊ ဌာနဆိုငရွာမှ တာဝနရွှိပုဂဂြိုလမွှားနှင့ွ အားကစားဝါသနာရှငမွှားတကရွောကွ ကှည့ရွှုအားပေးခဲ့ကှပါသညွ။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပ လျက်ရှိသော လွန်ဆွဲ (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်အဖြစ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသင်းမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို  ရလဒ် (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို ရလဒ် (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းမှ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို ရလဒ် (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ လွန်ဆွဲ (အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်အဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းမှ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းကို ရလဒ် (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို ရလဒ် (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းမှ ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းကို ရလဒ် (၂)ပွဲပြတ်ဖြင့်လည်းကောင်း ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်ကစားခဲ့မှု များကို ကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ် လျက်ရှိသော ထုပ်ဆီးတိုး (အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ်ရေး ရာဝန်ကြီးဌာနအသင်းမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၄၈) မှတ် (၃)မှတ်ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၃၄)မှတ် (၁၈)မှတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ပညာရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၅၇)မှတ် (၇) မှတ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းမှ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို ရမှတ် (၃၇)မှတ် (၉)မှတ် ဖြင့်လည်းကောင်း ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်ကစားခဲ့မှုများကို ကြည့်ရှု အားပေးခဲ့ပါသည်။

 (၂.၁.၂၀၂၂)ရက်နေ့တွင် နံနက်(၈)နာရီမှစ၍ ဆီမီးဖိုင်နယ် ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ဆီမီးဖိုင်နယ် ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန အသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။

(၂.၁.၂၀၂၂)ရက်နေ့တွင် နံနက်(၉)နာရီမှစ၍ ဆီမီးဖိုင်နယ် ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် နေပြည်တော်ကောင်စီအသင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသည်။

(၂.၁.၂၀၂၂)ရက်နေ့တွင် နံနက်(၉)နာရီမှစ၍ ဆီမီးဖိုင်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ် များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပါသည်။

(၂.၁.၂၀၂၂)ရက်နေ့တွင် ကွာတားဖိုင်နယ် လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များနှင့် ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။