အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇွန် (၁၁)ရက်။

မြန်မာ့ရိုးရာခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်ပြည်နယ်/တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ (၄၃)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက် လက်ကျင်းပ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။


ယနေ့ နံနက်ပိုင်း ပွဲစဉ်များအဖြစ် အမျိုးသား(၆)ပေါက်တန်း အသင်းလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ (၁၂၉၆)မှတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ (၉၂၅)မှတ်၊ ကရင်ပြည်နယ်အသင်းမှ (၅၈၈)မှတ်၊ တနင်္သာရီ တိုင်းဒေသကြီးအသင်းမှ (၅၄၃)မှတ်၊ ရှမ်းပြည်နယ်အသင်းမှ (၅၉၅)မှတ်၊ မွန်ပြည်နယ်အသင်းမှ (၅၈၅)မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

ဆက်လက်ပြီး နေ့လယ်ပိုင်းပွဲစဉ်များကို မွန်းလွဲ(၁)နာရီတွင် စတင်ကစားခဲ့ကြရာ အမျိုးသား (၆)ပေါက်တန်း အသင်းလိုက်ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ(၁၃၀၉)မှတ်၊ မကွေးတိုင်းဒေသကြီးအသင်း မှ(၁၀၇၈)မှတ်၊ နေပြည်တော်ကောင်စီနယ်မြေအသင်းမှ (၈၁၉)မှတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ(၇၀၃)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီး (၄)ပေါက်တန်း အသင်းလိုက်ပွဲစဉ်များတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ (၅၁၆)မှတ် ၊ မကွေးတိုင်းဒေသကြီးအသင်း မှ (၃၃၆)မှတ်၊ မန္တလေး တိုင်းဒေသကြီးအသင်းမှ (၈၀၈) မှတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်း မှ (၇၀၀)မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

(၁၂.၆.၂၀၂၂)ရက်နေ့ တတိယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး(၄)ပေါက်တန်း ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်ကောင်စီနယ်မြေအသင်းတို့မှလည်းကောင်း၊ အမျိုးသား (၆)ပေါက်တန်း ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့မှ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့မှလည်းကောင်း၊ ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့မှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း တို့မှလည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့မှ လည်းကောင်း အသီးသီး ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲကို ဇွန်လ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရိုးရာ ခြင်းလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။