အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးနည်းပြနှင့် ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်၊ အောက်တိုဘာလ(၁၂)ရက်။                   

ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးနည်းပြနှင့် ဒိုင်သင်တန်းကို နိုင်ငံတော်ရဲ့ဦးတည်ချက် တစ်ရပ်ဖြစ်တဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုတဲ့ အမျိုးသားရေး ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးထုကျန်းမာကြံ့ခိုင်ပြီး စွမ်းရည် တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ကြံ့ခိုင်မှု လေ့ကျင့်ရေးနည်းပြနှင့်ဒိုင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စု ခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်ရီရီဝင်းနှင့်အမှုဆောင် များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေနှင့် တာဝန်ရှိပုဂ္ဂိုလ် များ၊ သင်တန်းနည်းပြဆရာများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်ရီရီဝင်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေက  သင်တန်းသူများကိုယ်စား သင်တန်း သူတစ်ဦးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဥက္ကဌ ဒေါ်ရီရီဝင်းက နှစ်သိမ့်ဆုရရှိသူ ရှမ်းပြည်နယ်မှ မသိန်းသန်းသူ (ကသ-၃၇)နှင့် ရန်ကုန်တိုင်းဒေသကြီးမှ မဇန္ဒဝါအောင်(ကသ-၃၂)၊ တတိယဆုရရှိသူ ကချင်ပြည်နယ် မှ မအောင်းဘူ(ကသ-၄)၊ ဒုတိယဆုရ မန္တလေးတိုင်းဒေသကြီးမှ မဂျူမြတ်နိုးစံ(ကသ-၂၂)နှင့် ပထမဆု ကို ရန်ကုန်တိုင်းဒေသကြီးမှ မအိကျော်ဇင်(ကသ-၃၄)တို့အား အသီးသီးဆုချီးမြှင့်ခဲ့ပြီး ဒုတိယဥက္ကဌ ဒေါ်ခင်ညိုက သင်တန်းကြီးကြပ်သူများနှင့် နည်းပြဆရာမများကို အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

ယင်းနောက် သင်တန်းသူများက ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း သရုပ်ပြသခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။