အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်

နေပြည်တော်၊ ဇူလိုင် (၁၈)ရက်။

မြန်မာ့အားကစားလောကအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဘော်လီဘောမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့်  ဝန်ကြီးဌာနအချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို   ယနေ့ နေ့လည်(၁၂:၀၀)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌  ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊  ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊  ဌာနဆိုင်ရာများမှ ဝန်ထမ်းများ နှင့် ဘော်လီဘောအားကစားနည်းကို စိတ်ပါဝင်စားသည့် အားကစားဝါသနာရှင်များ တစ်ခဲနက် လာရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။

(အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက (၃)ပွဲ(၂)ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး (အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီး ဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက (၃)ပွဲ(၂)ပွဲဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပါသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ  ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲတွင် အကောင်းဆုံးစပေးဘောဆု ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းမှ ကျောနံပါတ်(၁၀) မကလျာဝင်းမှလည်းကောင်း၊ အကောင်းဆုံး ပင့်ထောင်ဆု ကို ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၉) မနန္ဒာဝင်းပြည့်မှလည်းကောင်း၊ အကောင်းဆုံး ရိုက်ခုတ်ဆု ကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၂) မဆုမွန်သဲမှလည်းကောင်း၊ အကောင်းဆုံး ပိတ်ဆို့ဆု ကို ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁၇) မသူဇာအောင်မှ လည်းကောင်း၊ အကောင်းဆုံး ခုခံဆယ်မဆု ကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၅) မညိုလှိုင်မြင့်မှလည်းကောင်း ၊ အကောင်းဆုံး ဘော်လီဘော(အမျိုးသမီး) အားကစားသမားဆု ကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁၇) မသက်ထားတို့ကို အကောင်းဆုံးဆုနှင့် ငွေသားဆု ကျပ်(၁)သိန်းစီအားလည်းကောင်း၊ (အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အသင်းအား  ငွေသားဆုကျပ်(၁၀)သိန်းကို  ကာကွယ်ရေးဝန်ကြီးဌာန တပ်ထိန်းချုပ် ဗိုလ်ချုပ်သက်ထွန်းဦးမှလည်းကောင်း၊

(အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၅)သိန်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီး ဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း(၂၀) ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းမှလည်းကောင်း၊  

ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် အကောင်းဆုံး စပေးဘောဆု ကို နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၇) မောင်ပြည့်စုံထွေးမှလည်းကောင်း၊ အကောင်းဆုံး ပင့်ထောင်ဆု ကိုပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၂) မောင် မင်းဟိန်းခန့်မှ လည်းကောင်း၊ အကောင်းဆုံး ရိုက်ခုတ်ဆု ကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၉) မောင်လှိုင်ဝေကျော်မှလည်းကောင်း၊ အကောင်းဆုံး ပိတ်ဆို့ဆု ကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၆) မောင်ကျော်ဇေ ယျမှ လည်းကောင်း၊ အကောင်းဆုံး ခုခံဆယ်မဆု ကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၁၂) မောင်ခိုင်မင်းမှလည်းကောင်း ၊ အကောင်းဆုံး ဘော်လီဘော(အမျိုးသား)အားကစားသမားဆု ကို ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၇)မောင်တိုးမင်းမောင်တို့ကို အကောင်းဆုံးဆုနှင့် ငွေသားဆုကျပ်(၁)သိန်းစီအားလည်းကောင်း၊ (အမျိုးသား) ဘော်လီဘောပြိုင်ပွဲ တွင် စတုတ္ထဆုရရှိသော  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းအား  ငွေသားကျပ်(၁၀)သိန်းကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းမှလည်းကောင်း၊

ဆက်လက်၍ (အမျိုးသား)ဘော်လီဘောပြိုင်ပွဲ တွင် တတိယဆုရရှိသော နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၁၅)သိန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်မှလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း(၂၀)ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်မှလည်းကောင်း၊

(အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုကျပ်သိန်း(၃၀)နှင့် တံခွန်စိုက်ဒိုင်းဆုတို့ကို အားကစားနှင့်လူငယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှလည်းကောင်း၊(အမျိုးသား)ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊  ငွေသားဆုကျပ်သိန်း(၃၀) နှင့် တံခွန်စိုက်ဒိုင်းဆုတို့ကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။