အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲတတိယလုပွဲ ပွဲစဉ်များဆက်လက်ကျင်းပ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင် (၁၇)ရက်။

မြန်မာ့အားကစားလောကအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဘော်လီဘောမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဝန်ကြီးဌာနအချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဘော်လီဘော အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ နံနက်ပိုင်းတွင် ဘော်လီဘော(အမျိုးသား) တတိယလုပွဲ ပြိုင်ပွဲ ပွဲစဉ်အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ ဘော်လီဘော(အမျိုးသမီး) တတိယလုပွဲ ပြိုင်ပွဲ ပွဲစဉ်အဖြစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြပါသည်။

(၁၈.၇.၂၀၂၂)ရက်နေ့တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ နေ့လည်(၁၂:၀၀)နာရီ မှစတင်၍ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ရာ ဘော်လီဘောအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။