အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီမှ ဦးဆောင်ကြီးကြပ်မှုဖြင့် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သွားမည်

စစ်တွေ၊ မတ်လ (၂၁)ရက်။

၂၀၂၂ခုနှစ်၊ ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီမှ ဦးဆောင်ကြီးကြပ်မှုဖြင့် နွေရာသီအခြေခံ အားကစားသင်တန်းများကို ပြည်နယ်အဆင့်အားကစားနည်း(၁၃)နည်း၊ ခရိုင်အဆင့်(၇)နည်း၊ မြို့နယ်အဆင့်(၅)နည်းတို့ဖြင့် အသီးသီးဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည်။

ပြည်နယ်အဆင့်အနေဖြင့် Aerobics & Physical fitness Dance ကို နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် (၇.၃.၂၀၂၂) ရက်နေ့မှ (၂၅.၃.၂၀၂၂) ရက်နေ့ထိ လည်း ကောင်း၊ ကရာတေးဒိုအားကစားသင်တန်းကို (၄)နေရာ (မြို့သူကြီး၊ ဓညဝတီအားကစားရုံ၊ ရွှေပြား နှင့် ရွှေပြည်သာ) တို့တွင် (၁၆.၃.၂၀၂၂) မှ (၁၆.၅.၂၀၂၂) ထိ ညနေ(၄) နာရီ အချိန်တိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ ကျန်အားကစားနည်းများဖြစ်သော (ဘော်လီဘော၊ လက်ဝှေ့၊ မြန်မာ့သိုင်း၊ ခြင်းလုံး၊ ဘောလုံး၊ ပြေးခုန်ပစ်၊ ခရစ်ကတ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ စစ်တုရင်၊ ပိုက်ကျော်ခြင်း) အားကစားနည်းများကို (၂၄.၃.၂၀၂၂) ရက်နေ့မှ (၂၅.၅.၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါ၍ မည်သူမဆို အခမဲ့ လာရောက်သင်ကြားနိုင်ပါကြောင်းနှင့် အားကစားနည်းတစ်ခုချင်းအလိုက် အသေးစိပ်အား အခြေခံပညာဦးစီးဌာန စာသင်ကျောင်းများ တွင် ကြော်ငြာဆောင်ရွက်ထားရှိပါကြောင်း တိုက်တွန်နိုးဆော်အပ်ပါသည်။

(၁၅.၃.၂၀၂၂) ရက်နေ့တွင် ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းမောင်မှ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းအား ပိုက်ကျော် ခြင်းပိုက်နှင့် ပိုက်ကျော်ခြင်းလုံး တို့ကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဌေးမှ နွေရာသီအားကစားဝတ်စုံ (T-Shirt) များကိုလည်းကောင်း ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။