အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီလ (၁) ရက်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ ဒေသအသီးသီး ရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေခြင်းနှင့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီအချိန်မှစတင်၍ ရန်ကုန်မြို့ အင်းလျားကန်ရှိမြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင် မီတာ(၂၀၀)ပွဲစဉ်များဖြစ်သည့် အမျိုးသား(၇)တက်လှော် ပြိုင်ပွဲ၊ အမျိုးသမီး(၇)တက်လှော်ပြိုင်ပွဲ၊ အမျိုးသား(၁၀)တက်လှော်ပြိုင်ပွဲ၊ အမျိုးသမီး(၁၀)တက်လှော် ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး (Mixed) (၁၀)တက်လှော် ပြိုင်ပွဲများကို ကျင်းပပြီး ဗိုလ်လုပွဲစဉ်များကို ညနေပိုင်းတွင် ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးမီတာ (၂၀၀) (၇)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီး အသင်း၊ ဒုတိယဆုရရှိ သွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း နှင့် တတိယဆုရရှိသွားသော ရှမ်းပြည်နယ်အသင်းတို့အား မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း ကလည်းကောင်း၊

အမျိုးသားမီတာ (၂၀၀) (၇)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ပဲခူးတိုင်းဒေသကြီး အသင်း၊ ဒုတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော ကရင်ပြည်နယ်အသင်းတို့အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးညီညီ ကလည်းကောင်း၊

အမျိုးသမီး မီတာ (၅၀၀)(၇)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော မန္တလေးတိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိ သွားသော ရှမ်းပြည်နယ်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် ကလည်းကောင်း၊

အမျိုးသား မီတာ (၅၀၀) (၇)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း ၊ ဒုတိယဆုရရှိသွားသော ပဲခူးတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော ဧရာ၀တီတိုင်းဒေသကြီးအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး ကလည်းကောင်း၊

အမျိုးသမီးမီတာ (၂၀၀)(၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း ၊ ဒုတိယဆုရရှိသွားသော ဧရာ၀တီတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော ရှမ်းပြည်နယ်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း ကလည်းကောင်း၊

အမျိုးသား မီတာ (၂၀၀)(၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော ကရင်ပြည်နယ်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း ကလည်းကောင်း၊

အမျိုးသမီး မီတာ(၅၀၀) (၁၀) တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော ရှမ်းပြည်နယ်အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး ကလည်းကောင်း၊

အမျိုးသား မီတာ (၅၀၀) (၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသွားသော ရန်ကုန်တိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော ရှမ်းပြည်နယ် အသင်းတို့အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး က လည်းကောင်း၊

အမျိုးသား+အမျိုးသမီး(Mixed)မီတာ(၂၀၀)(၁၀)တက်လှော်ပြိုင်ပွဲတွင်ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော ဧရာ၀တီတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် ကလည်းကောင်း၊

အမျိုးသား+ အမျိုးသမီး (Mixed) မီတာ(၅၀၀)(၁၀)တက်လှော်ပြိုင်ပွဲတွင်ပထမဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသွားသော မန္တလေးတိုင်းဒေသကြီးအသင်း တို့အား ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေကလည်းကောင်း အသီးသီး ဆုများချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ်(၂)ဆုဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း ၊ ရွှေတံဆိပ်(၃)ဆု၊ ငွေတံဆိပ်(၁)ဆုဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်း ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း ၊ ရွှေတံဆိပ်(၇) ဆု၊ ငွေတံဆိပ်(၃)ဆုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ရာ စုပေါင်းတံခွန်စိုက်ဒိုင်းကြီး အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဥပဒေချုပ် ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးဌေးအောင်က လက်ခံရယူခဲ့ပါသည်။

၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးရိုးရာလှေလှော်ပြိုင်ပွဲတွင် မီတာ ၂၀၀/ ၅၀၀ (၇)တက်လှော်ပြိုင်ပွဲများတွင် ဆုရရှိသော အသင်းများအား ဆုတံဆိပ်များနှင့်အတူ ပထမရရှိသော အသင်းအား ငွေသားကျပ် (၅)သိန်း၊ ဒုတိယဆုရရှိသော အသင်းအား ငွေသားကျပ် (၃)သိန်း၊ တတိယဆုရရှိသော အသင်းအား ငွေသားကျပ်(၂)သိန်းနှုန်းဖြင့်လည်းကောင်း၊ မီတာ ၂၀၀/၅၀၀/ Mixed (၁၀)တက်လှော်ပြိုင်ပွဲများတွင် ဆုရရှိသောအသင်းများအား ဆုတံဆိပ်များနှင့်အတူ ပထမရရှိသော အသင်းအား ငွေသားကျပ် (၁၀)သိန်း၊ ဒုတိယဆုရရှိသောအသင်းအား ငွေသားကျပ် (၇)သိန်း၊ တတိယ ဆုရရှိသော အသင်းအား ငွေသားကျပ်(၅)သိန်းနှုန်းဖြင့်လည်းကောင်း ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။