အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်၊ စက်တင်ဘာလ(၂၀)ရက်။

၂၀၂၂ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကိုယနေ့ညနေ (၃)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော် ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ အုပ်ချုပ် / နည်းပြများနှင့် ဆုရ အားကစားသမားများတက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲဗိုလ်လုပွဲစဉ်တွင် စောတာဝေလင်း (ရန်ကုန်တိုင်းဒေသကြီး)နှင့် ဇင်မင်းဟိန်း (ရန်ကုန်တိုင်းဒေသကြီး)တို့ ယှဉ်ပြိုင်ကစားကြရာ ဇင်မင်းဟိန်း (ရန်ကုန်တိုင်း ဒေသကြီး)က အနိုင်ရရှိပြီး ပထမရရှိသွားသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသား/ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမရရှိသော ဇင်မင်းဟိန်း +နန်းဆက်ဝါ (ရန်ကုန်တိုင်း ဒေသကြီး)အသင်း၊ ဒုတိယရရှိသော စောတာဝေလင်း + ယဉ်ဝေခိုင် (ရန်ကုန်တိုင်း ဒေသကြီး) အသင်း၊ပူးတွဲတတိယရရှိသောမြတ်သူရလင်း+နိုင်နိုင်ဝင်း (ရှမ်းပြည်နယ်)အသင်းနှင့် ထက်မြက် +လင်းသူဇာ (ရန်ကုန်တိုင်းဒေသကြီး ) အသင်း တို့အား အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့် ငွေများ ကိုလည်းကောင်း၊

အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင်ပထမရရှိသော နန်းဆက်ဝါ + ယဉ်ဝေခိုင်(ရန်ကုန်တိုင်း ဒေသကြီး) အသင်း ၊ဒုတိယရရှိသော ရတနာစိုး + ပုလဲနှစ် (စစ်ကိုင်းတိုင်းဒေသကြီး)အသင်း၊ ပူးတွဲတတိယရရှိသော ထက်ထက်ဝင်း + မေလပြည့်ဝန်း (မွန်ပြည်နယ်) အသင်းနှင့် နိုင်နိုင်ဝင်း+ မြတ်နိုးဝသာန် (ရှမ်းပြည်နယ်) အသင်းတို့အား မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့် ငွေများ ကိုလည်းကောင်း၊

အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမရရှိသော စောတာဝေလင်း + ဇင်မင်းဟိန်း (ရန်ကုန်တိုင်း ဒေသကြီး )အသင်း၊ ဒုတိယရရှိသော အောင်ခိုင်ဖြိုး + အောင်ဘုန်းပြည့်လျှံ (မွန်ပြည်နယ်) အသင်း ၊ ပူးတွဲတတိယရရှိသော သက်ထက်တန် + ရဲလင်းနိုင်(မန္တလေးတိုင်း ဒေသကြီး )အသင်းနှင့် စွမ်းပြည့်ထွန်း + စည်လင်းထွန်း (တနင်္သာရီတိုင်းဒေသကြီး) အသင်းတို့ အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့် ငွေများ ကိုလည်းကောင်း၊

အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပထမရရှိသော နိုင်နိုင်ဝင်း (ရှမ်းပြည်နယ်) ၊ ဒုတိယရရှိသော ရတနာစိုး (စစ်ကိုင်းတိုင်းဒေသကြီး) ၊ ပူးတွဲတတိယရရှိသော လင်းသူဇာ(ရန်ကုန်တိုင်းဒေသကြီး) နှင့် နန်းဆက်ဝါ (ရန်ကုန်တိုင်း ဒေသကြီး)တို့ အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးမှ တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့် ငွေများ ကိုလည်းကောင်း၊

အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမရရှိသော ဇင်မင်းဟိန်း(ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယ ရရှိသော စောတာဝေလင်း(ရန်ကုန်တိုင်းဒေသကြီး) ၊ ပူးတွဲတတိယရရှိသော မြတ်သူရလင်း (ရှမ်းပြည်နယ်)နှင့် သက်ထက်တန် (မန္တလေးတိုင်းဒေသကြီး) တို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့် ငွေများ ကိုလည်းကောင်း၊

အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမရရှိသော (ရန်ကုန်တိုင်းဒေသကြီး)အသင်း ၊ ဒုတိယ ရရှိသော (ရှမ်းပြည်နယ်) အသင်း ၊ ပူးတွဲတတိယရရှိသော (ပဲခူးတိုင်းဒေသကြီး)အသင်းနှင့် (ဧရာဝတီတိုင်းဒေသကြီး)အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့် ငွေများ ကိုလည်းကောင်း၊

အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမရရှိသော (တနင်္သာရီတိုင်းဒေသကြီး)အသင်း ၊ ဒုတိယ ရရှိသော (ရန်ကုန်တိုင်းဒေသကြီး)အသင်း ၊ ပူးတွဲတတိယရရှိသော (ရှမ်းပြည်နယ်) အသင်းနှင့် (မန္တလေးတိုင်းဒေသကြီး)အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာ ကော်မတီ ဥက္ကဌ ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်မှ တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့် ငွေများ ကိုလည်းကောင်း၊

အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသွားသော နိုင်နိုင်ဝင်း (ရှမ်းပြည်နယ်) အသင်းနှင့် အမျိုးသားအကောင်းဆုံးအားကစားသမားဆုရရှိသွားသော ဇင်မင်းဟိန်း (ရန်ကုန်တိုင်းဒေသကြီး) အသင်းတို့အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး မှ တစ်ဦးချင်းဆု တံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့် ငွေများ ကိုလည်းကောင်း၊

ရွှေ(၂)ခု၊ ကြေး(၂)ခု ဖြင့်အမျိုးသမီးတံခွန်စိုက်ဆုရရှိသွားသော (ရန်ကုန်တိုင်းဒေသကြီး) အသင်းနှင့် ရွှေ(၂)ခု၊ ငွေ(၁)ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုရရှိသွားသော (ရန်ကုန်တိုင်းဒေသကြီး) အသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ တံခွန်စိုက်ဒိုင်း ဆုများအားအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက်ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၅)သိန်းအား ထပ်လောင်း ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။