အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ စစ်တုရင်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့နံနက်(၉)နာရီမှစတင်၍ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲတွင် ပွဲစဉ်(၁) မျိုးမျိုးသူ(ပဲခူး)နှင့် စုလဲ့နန္ဒာ(မန္တလေး)တွင် (၁-၀)၊ ပွဲစဉ်(၂) မေခင်စန္ဒာထွန်း(မန္တလေး)နှင့် အိသင်္ကြန် (ဧရာဝတီ) တွင် (၀-၁)၊ပွဲစဉ်(၃) အေးအေးဖြိုး(ပဲခူး)နှင့် မြစံပါယ်(စစ်ကိုင်း) တွင် (၁/၂-၁/၂)၊ ပွဲစဉ်(၄) သော်သော်ဇင်(ရှမ်း)နှင့် ဟေမာန်စိုး(တနင်္သာရီ)တွင် (၁-၀)၊ ပွဲစဉ်(၅) လွင်မာစိုး(စစ်ကိုင်း)နှင့် သွန်းနဒီအောင်(မကွေး)တွင်(၁-၀)၊ပွဲစဉ်(၆) နီနီဝင်း(ရှမ်း)နှင့် ပန်းပြည့်သခင်(မွန်)တွင်(၀-၁)၊ပွဲစဉ်(၇)ချစ်စုထွေး(ရှမ်း)နှင့် စုမြတ်အိန္ဒြာ(နေပြည်တော်)တွင် (၀-၁)၊ ပွဲစဉ်(၈) ရတနာမြတ်မွန် (မွန်)နှင့် နန်းခမ်းစံ(ရှမ်း)တွင် (၁-၀)၊ ပွဲစဉ်(၉) နှင်းဝတ်ရည်(မန္တလေး) နှင့်ငြိမ်းရတီထက်(မကွေး)တွင် (၁-၀)၊ ပွဲစဉ်(၁၀) အိမ့်သက်မှူးခင်(တနင်္သာရီ)နှင့် နဒီလင်းလဲ့(ကရင်)တွင် (၁-၀)၊ ပွဲစဉ်(၁၁) အေးရနံ့သခင်(မွန်)နှင့် ဖူးပွင့်ဝေ(ဧရာဝတီ)တွင်(၁-၀)၊ပွဲစဉ်(၁၂) အိပိုးသွယ်(ပဲခူး)နှင့် တင်ဇာလင်း(ရခိုင်)တွင်(၁-၀)၊ပွဲစဉ်(၁၃) ဂျူးမြတ်ချယ်(မကွေး)နှင့် ဖူးပွင့်ပြည့်စုံ(ရန်ကုန်)တွင် (၀-၁)၊ ပွဲစဉ် (၁၄)မျိုးသဉ္ဇာ (ကရင်)နှင့် စံစံဆွေ (ရခိုင်)တွင် (၀-၁)၊ ပွဲစဉ်(၁၅) သိမ့်သိမ့်အိ (ဧရာဝတီ)နှင့် မြတ်ဖူးငုံ (မကွေး)တွင် (၁-၀)၊ ပွဲစဉ်(၁၆) ခင်သူဇာဌေး(ရခိုင်)နှင့် သီရိငြိမ်းချမ်းမိုး (ပဲခူး)တွင် (၀-၁)၊ ပွဲစဉ် (၁၇) ဟေမာနှင်းဇော် (မန္တလေး)နှင့် နန္ဒာဝိုင်း(ရခိုင်)တွင် (၁-၀)၊ ပွဲစဉ်(၁၈) လှဖူးသစ်ကျော် (ကရင်)နှင့် ငွေလာဦး(ကရင်)တွင် (၁-၀)၊ ပွဲစဉ်(၁၉) သင်းသွယ်ဖြိုး (မွန်)နှင့် နှင်းပွင့်ဖြူ(ရန်ကုန်)တွင် (၁-၀)၊ ပွဲစဉ် (၂၀) ထက်ထက်မျိုးဝင်း(စစ်ကိုင်း)နှင့် စန္ဒာအေးမြ(ဧရာဝတီ)တွင် (၀-၁)၊ ပွဲစဉ်(၂၁) သန္တာဦး (တနင်္သာရီ)နှင့် သီတာကျော်(ရန်ကုန်)တွင် (၁-၀)တို့ဖြင့် အသီးသီးယှဉ်ပြိုင်အနိုင်ရရှိသွားသည်။

ယင်းနောက် အသက်(၁၈)နှစ်နှင့်အောက် လူငယ်ပြိုင်ပွဲတွင် ပွဲစဉ်(၁)၌ သီဟဇော်(ရှမ်း)နှင့် ပိုင်ဇေယျာကို(စစ်ကိုင်း)တွင် (၁-၀) ၊ ပွဲစဉ်(၂) ဝဏ္ဏဌေး(မွန်)နှင့် အောင်နိုင်ထွန်း(ရှမ်း)တွင် (၁-၀)၊ ပွဲစဉ်(၃) မျိုးစည်သူလွင်(ရန်ကုန်)နှင့် ကောင်းထက်နိုင် (နေပြည်တော်)တွင် (၀-၁)၊ ပွဲစဉ်(၄) ခန့်ဇော်ပိုင်(ပဲခူး)နှင့် သန့်ဇင်ထွန်း(မကွေး)တွင် (၁-၀)၊ ပွဲစဉ်(၅) ရန်စွမ်းပြည့်(မွန်)နှင့် ကောင်းမြတ်(ရန်ကုန်)တွင် (၁-၀)၊ ပွဲစဉ်(၆) မင်းထက်နိုင်(မကွေး)နှင့် ကောင်းထက်(ရန်ကုန်)တွင် (၀-၁)၊ပွဲစဉ်(၇) စိုင်းအောင်ခွန်ပါ (မန္တလေး)နှင့် ဟိန်းမြတ်အောင်(ရန်ကုန်)တွင် (၁-၀)၊ ပွဲစဉ်(၈) မျိုးမြင့်ရွှေ(မွန်)နှင့် မိုးသူအောင်(မွန်)တွင်(၁-၀)၊ပွဲစဉ်(၉) ဥက္ကာပြည့်စုံ(မန္တလေး)နှင့် လင်းထင်အောင်(ပဲခူး)တွင် (၁-၀)၊ ပွဲစဉ်(၁၀) အောင်ကောင်းပြည့်(ရှမ်း)နှင့်မင်းသန့်နောင် (တနင်္သာရီ)တွင် (၀-၁)၊ ပွဲစဉ်(၁၁)ထွန်းဝင်းကျော်(တနင်္သာရီ)နှင့် ထက်မြတ်အောင်(တနင်္သာရီ)တွင်(၁/၂-၁/၂)၊ ပွဲစဉ်(၁၂) ထူးရဲလင်း (ဧရာဝတီ)နှင့် ဇာနည်မျိုးထက်(နေပြည်တော်)တွင် (၀-၁)၊ ပွဲစဉ်(၁၃) ကောင်းထက်သူ(ဧရာဝတီ)နှင့် ရင်ဟုန်စိုး(တနင်္သာရီ)တွင်(၁/၂-၁/၂)၊ ပွဲစဉ်(၁၄) ကောင်းမြတ်သူ(မန္တလေး)နှင့် ဖြိုးသီဟဇော်(မကွေး)တွင် (၁-၀)၊ ပွဲစဉ်(၁၅) ရဲရင့်နိုင်တင့်(မန္တလေး)နှင့် ခန့်ဝင်းနိုင်(ကယား)တွင် (၁-၀)၊ ပွဲစဉ်(၁၆) ရဲမင်းခန့် (ရှမ်း)နှင့် ကျော်ပြည့်စုံဟိန်း(နေပြည်တော်)တွင် (၀-၁)၊ ပွဲစဉ်(၁၇) ဇွဲမာန်ထူး(မကွေး)နှင့် လင်းမြတ်အောင်(ပဲခူး)တွင် (၁-၀)၊ ပွဲစဉ်(၁၈) ဇေယျာထွန်း(ဧရာဝတီ)နှင့် မွန်ရည်ခိုင်(စစ်ကိုင်း)တွင် (၁-၀)၊ ပွဲစဉ်(၁၉)အောင်ကောင်းမြတ်(ပဲခူး)နှင့်သီတာစိုး(ကယား)တွင်(၁-၀)၊ပွဲစဉ်(၂၀) ဆုမြတ်စံမှူး (နေပြည်တော်) နှင့် ဝါဝါထွန်း(ကယား)တွင်(၀-၁)၊ပွဲစဉ်(၂၁)လူမင်းမောင်(ဧရာဝတီ)နှင့် ထွန်းလင်း(ရခိုင်)တွင်(၁/၂-၁/၂)၊ပွဲစဉ်(၂၂) မျိုးမျိုးစံ(ရခိုင်)နှင့်ဇင်နီလာမြင့်(ရခိုင်)တွင် (၁/၂-၁/၂)၊ ပွဲစဉ်(၂၃) စံပါယ်စိုး (ရခိုင်)နှင့် စုရတနာ(စစ်ကိုင်း)တွင် (၀-၁)တို့ဖြင့် ယှဉ်ပြိုင်အနိုင်ရရှိသွားသည်။

အမျိုးသားအလွတ်တန်းပွဲစဉ်များတွင် ပွဲစဉ်(၁)၌ ကျော်မြတ်အောင်(တနင်္သာရီ)နှင့် မင်းခိုင်ဦး(မန္တလေး)တွင် (၁/၂-၁/၂)၊ပွဲစဉ် (၂) မိုးဝင်းကျော်(ရန်ကုန်)နှင့် စံမြင့်ဦး(ကယား)တွင် (၁-၀)၊ ပွဲစဉ်(၃) ထက်ဇော်ဖုန်း(ရန်ကုန်)နှင့် ကျော်နေတိုး(ရန်ကုန်)တွင် (၁-၀)၊ ပွဲစဉ်(၄) ကိုဦး(တနင်္သာရီ)နှင့် ကျော်ကျော်ဦး(ရန်ကုန်)တွင် (၀-၁)၊ ပွဲစဉ်(၅) မင်းဇော် (ဧရာဝတီ)နှင့် ဇာနည်(ဧရာဝတီ) တွင် (၁/၂-၁/၂)၊ ပွဲစဉ်(၆) မျိုးတင့်(ကချင်)နှင့် မြင့်ဆွေ(မွန်)တွင် (၀-၁) ၊ ပွဲစဉ်(၇) ကျော်ဇင်လတ်(နေပြည်တော်)နှင့် သက်လွင်ဦး(မန္တလေး)တွင် (၁-၀)၊ ပွဲစဉ်(၈)မျိုးကျော်လှိုင်(ပဲခူး)နှင့် အောင်စိုးမျိုးပိုင်(မကွေး)တွင် (၁-၀)၊ ပွဲစဉ်(၉) မိုးဇော်ဦး(ရှမ်း) နှင့် ကျော်ဇင်ဝင်း(မကွေး)တွင် (၀-၁)၊ ပွဲစဉ်(၁၀) စံလင်း(ပဲခူး)နှင့် ဝင်းဇော်မြင့်(မကွေး)တွင် (၀-၁)၊ ပွဲစဉ်(၁၁) အောင်သူ (နေပြည်တော်)နှင့် ကျော်ကျော်ထွန်း(မကွေး)တွင် (၁/၂-၁/၂)၊ ပွဲစဉ်(၁၂) ဒွိုင်အောင်(ကချင်)နှင့် ဝေယံမျိုး(စစ်ကိုင်း)တွင် (၀-၁)၊ ပွဲစဉ်(၁၃) ဇေယျာအောင်(ရခိုင်)နှင့် ဝေယံထွဋ်နောင်(မွန်)တွင် (၁-၀)၊ ပွဲစဉ်(၁၄) ဟောင်ဒိတ်ထန် (စစ်ကိုင်း)နှင့် ဇော်ဦး(တနင်္သာရီ)တွင် (၀-၁)၊ ပွဲစဉ်(၁၅) ဖိုးလပြည့်(နေပြည်တော်)နှင့် စိုင်းဆိုင်လိုင်မော(ရှမ်း)တွင်(၁-၀)၊ ပွဲစဉ်(၁၆) ကျော်သီဟ (မန္တလေး) နှင့် လင်းခန့်ပိုင်(မွန်)တွင် (၁/၂-၁/၂)၊ ပွဲစဉ်(၁၇) ဖြိုးမင်းဦး (ရှမ်း)နှင့် ပေါစည်မိုး (ကချင်)တွင် (၀-၁)၊ ပွဲစဉ်(၁၈) ကျော်ကျော်ဝင်း(ကရင်)နှင့် အောင်သူဟိန်း (ပဲခူး)တွင် (၀-၁)၊ ပွဲစဉ်(၁၉) လျှံဖုန်းထက်(မန္တလေး)နှင့် ခန့်ကိုကို(မွန်)တွင် (၁-၀)၊ ပွဲစဉ်(၂၀)ဥက္ကာကျော်(ရခိုင်)နှင့် သူရိန်ထွန်း(ပဲခူး)တွင် (၀-၁)၊ ပွဲစဉ်(၂၁) ရဲရင့်အောင်(စစ်ကိုင်း)နှင့် ဇင်ဒေးမောင်(တနင်္သာရီ) တွင် (၁-၀)၊ ပွဲစဉ်(၂၂) မျိုးဝင်းထွန်း(ရခိုင်)နှင့် ကျော်ဇေယျာလင်း(ကရင်)တွင် (၀-၁)၊ ပွဲစဉ်(၂၃) ကျော်ဇင်သန့်(ရှမ်း)နှင့်ပိုင်မင်းဖြိုး(ကယား)တွင် (၁-၀)၊ ပွဲစဉ်(၂၄)မင်းခန့်ကျော်(နေပြည်တော်)နှင့် သန့်ဇင်ထူး(ဧရာဝတီ)တွင်(၀-၁)၊ပွဲစဉ်(၂၅) သူရိန်စိုး(ကရင်)နှင့် မင်းတင့်အောင်(ကရင်)တွင်(၀-၁)၊ ပွဲစဉ်(၂၆) ဇော်ဇော်သိန်း(ရခိုင်)နှင့် မျိုးမြတ်သူ(ကချင်)တွင် (၁-၀)၊ ပွဲစဉ် (၂၇)ထက်အောင်ခန့် (စစ်ကိုင်း)နှင့် စံတင့်(ကယား)တွင် (၀-၁) တို့ဖြင့် အသီးသီးယှဉ်ပြိုင်အနိုင်ရရှိသွားသည်။

ဆက်လက်၍ ယနေ့နေ့လည်(၂)နာရီအချိန်တွင် ဒိုင်လူကြီးမွမ်းမံသင်တန်း အားပြုလုပ်သွားပြီး ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ပွဲစဉ်များကို ၁၂.၉.၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ မည်သူမဆို အခမဲ့ဝင်ရောက် ကြည့်ရှု အားပေးနိုင်ကြောင်းသိရှိရသည်။