အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲဆက်လက်ကျင်းပ

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကျုံးကြီးလမ်းရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌဦးအောင်ပိုင်နှင့်တာဝန်ရှိသူများ၊ ကြက်တောင်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့နံနက်(၉)နာရီမှစတင်၍ ယနေ့အကြိုဗိုလ်လုပွဲများအပြီးတွင် ဗိုလ်လုပွဲပြိုင်ပွဲသို့ အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ တက်ရောက်၍လည်းကောင်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဟိန်းထွဋ်(ရန်ကုန်တိုင်းဒေသကြီး)နှင့်ရဲမင်းလွင်(ရှမ်းပြည်နယ်)တို့က ဗိုလ်လုပွဲသို့တက်ရောက်သွားပြီး၊အမျိုးသားနှစ်ယောက်တွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် သူရိန်+မိုးသော်ထင်(ရန်ကုန်တိုင်းဒေသကြီး)က ပထမ၊ ခန့်သူနှင့်ဘုန်းထက်ဇော် (ရန်ကုန်တိုင်းဒေသကြီး)က ဒုတိယ၊ စိုင်းမင်းခန့် + ကောင်းပိုင်မင်းခန့်(ရှမ်းပြည်နယ်) နှင့် ပြည့်စုံထွန်း+ကျော်ကျော်ဟန် (ရှမ်းပြည်နယ်)တို့က ပူးတွဲတတိယအသီးသီးရရှိသွားကြသည်။

အမျိုးသမီးအသင်းလိုက်ဗိုလ်လုပွဲပြိုင်ပွဲသို့ ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ တက်ရောက်၍လည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဆုလာဒ်(ရန်ကုန်တိုင်းဒေသကြီး)နှင့် ငါးမြှာ(ကယားပြည်နယ်)တို့က ဗိုလ်လုပွဲသို့တက်ရောက်သွားပြီး၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မေမြတ်စိုး+ဝေဝေ (ရန်ကုန်တိုင်းဒေသကြီး)က ပထမနှင့်ထူးခင်ခင်+ ဂျူလိုင်ထွန်း(ရန်ကုန်တိုင်းဒေသကြီး)တို့က ဒုတိယရရှိပြီး လင်းသီရိဟန်+အိမ့်မှူးစံ(ပဲခူးတိုင်းဒေသကြီး)နှင့် ယွန်းသက်ထားမောင်+ခိုင်သဇင်ဖူးဝေ(မန္တလေးတိုင်းဒေသကြီး)တို့က ပူးတွဲတတိယ ရရှိသွားကြသည်။

(၂၂.၈.၂၀၂၂) ရက်နေ့၊ နံနက်(၉)နာရီအချိန်မှစ၍ ပြိုင်ပွဲဗိုလ်လုပွဲများနှင့် ဆုပေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။