အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၂)ရက်။

မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားပြီး လူငယ်မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင် စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာကြံ့ခိုင်သောလူငယ်များအဖြစ် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများနှင့် ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ “ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ” ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဆက်လက်ကျင်းပပြုလုပ်လျက် ရှိရာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ဓါး(၂)လက်ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲ၊ လှံရှည်ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲ၊ (အမျိုးသမီး)လက်နက်မဲ့ (၁+၁) ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) ဓါးမြှောင်ဗန်တို (၁+၁) ပြိုင်ပွဲ၊ (အမျိုးသား)အခြေခံဗန်တို (၆၃) နည်းပညာ ကျင့်စဉ်ပြိုင်ပွဲ၊ ပြိုင်ပွဲအမျိုးအစား ကီလိုတန်းအလိုက် ဗန်တိုပြိုင်ပွဲ၊ ဓါးအတိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ (အမျိုးသား/ အမျိုးသမီး) တစ်ကိုယ်တော်လက်သိုင်းပညာစဉ်စွမ်းရည်ပြပြိုင်ပွဲ၊ တစ်ကိုယ်တော်ဓါး(၁)လက်ပညာစဉ် စွမ်းရည်ပြပြိုင်ပွဲ၊ တစ်ကိုယ်တော်တုတ်ရှည်ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲ၊ တစ် ကိုယ်တော် ဓါး(၂)လက် ပညာစဉ် စွမ်းရည်ပြပြိုင်ပွဲ၊ တစ်ကိုယ်တော်လှံရှည်ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် အားကစားသမား များအား တစ်ဦးချင်းဆုတံဆိပ်နှင့်အတူ ငွေသားဆုများကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများမှ အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

(၁၃.၂.၂၀၂၂)ရက်နေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ မြန်မာ့သိုင်းပြိုင်ပွဲ ပွဲစဉ်များ အား ပြိုင်ပွဲအမျိုးအစားအလိုက် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ သိုင်းအားကစားနည်းကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။