အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇန်နဝါရီလ (၃၁) ရက်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာလှေလှော် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီအချိန်တွင်ရန်ကုန်မြို့ အင်းလျားကန်ရှိမြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ပါသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှစိုး မှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးရိုးရာလှေလှော်အားကစားပြိုင်ပွဲကျင်းပ ပေးရခြင်းရဲ့ ရည်ရွယ်ချက်များကတော့ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ လာရောက် ယှဉ်ပြိုင်ကြတဲ့ လှေလှော် အားကစားသမားများအချင်းချင်း ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာ လာစေရေး၊ လှေလှော်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာ စေရေးနဲ့ လှေလှော် အားကစားနည်းကို ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားစေခြင်းဖြင့် လှေလှော်အားကစားအဆင့် အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက်ပဲ ဖြစ်ပါကြောင်း၊ ၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးရိုးရာလှေလှော်ပြိုင်ပွဲမှာ အမျိုးသား(၁၃)သင်း၊ အမျိုးသမီး(၉)သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်အင်အား (၃၅၅)ဦး ပါဝင်ယှဉ်ပြိုင်လာကြောင်းသိရှိရပြီး အိမ်ရှင်အဖြစ်လက်ခံကျင်းပရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ လှေလှော် အားကစားနည်းဟာ ခွန်အားကို အသုံးပြုပြီး ယှဉ်ပြိုင်ကစားရတဲ့ အားကစားနည်း ဖြစ်တဲ့အတွက် ကိုယ်ခန္ဓာသန်မာထွားကြိုင်းပြီး ကျန်းမာကြံ့ခိုင်၍ သက်လုံကောင်းမှသာ ထူးချွန်တဲ့ အားကစားသမားကောင်း ဖြစ်လာမှာဖြစ်ကြောင်း၊ လှေလှော်အားကစားသမားအားလုံးဟာ အရပ်အမောင်း၊ ခွန်အား၊ သက်လုံဖွံ့ဖြိုးမှု အကောင်းဆုံး အရွယ်ဖြစ်တာမို့ ထူးချွန်တဲ့ အားကစား သမားများ ဖြစ်လာအောင် မိမိတို့ရဲ့ ကျွမ်းကျင်မှု အရည် အသွေး များနဲ့ ပေါင်းစပ်ကြိုးပမ်း ယှဉ်ပြိုင် သွားကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်အားကစားမောင်/မယ်များအနေဖြင့် လှေလှော်အားကစားနည်း နဲ့ နိုင်ငံ့ဂုဏ်ကို မြင့်တင်နိုင်ရမည်ဆိုတဲ့ ရည်မှန်းချက်ထားပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာအောင် မိမိကိုယ်ကို ဂရုတစိုက်ပြုပြင်ပျိုးထောင်ကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မှ အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များကတော့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင် စေရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက် သစ်ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက်ပဲ ဖြစ်ပါကြောင်း၊ မြန်မာ့လှေလှော်အားကစားနည်းဟာ နိုင်ငံ့ ဂုဏ်ဆောင်ပေးနိုင်သော အားကစားနည်းများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာ့အမျိုးသားရိုးရာလှေလှော်အသင်းဟာ ၁၉၉၁ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံ မှာ ကျင်းပပြုလုပ်ခဲ့သော (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှသည် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိ နိုင်ငံတော်အတွက် ရွှေတံဆိပ်(၅၆)ခု၊ ငွေတံဆိပ်(၈၃)ခုနှင့်ကြေးတံဆိပ် (၄၇)ခု ရယူပေးခဲ့တာဖြစ်ပြီး အထူးခြားဆုံး အောင်မြင်မှု ရရှိခဲ့တဲ့ ပြိုင်ပွဲကတော့ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၂၀၁၃ခုနှစ်၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲပင်ဖြစ်ပါကြောင်း၊ လှေလှော်အားကစားနည်းအနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများအလယ်မှာ အခြားပြိုင်ပွဲဝင်နိုင်ငံများမှ အားကျဂုဏ်ယူလောက်သည် အထိ အောင်မြင်မှု ရရှိခဲ့သော်လည်း ဆက်လက်ထိန်းသိမ်းရန် အထူးလိုအပ်ပါကြောင်း၊ အရှေ့တောင်အာရှအဆင့်မှ ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်ပြီး အောင်မြင်မှုများရရှိအောင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝါသနာရှင်များနှင့် လှေလှော်အားကစားသမား အားလုံး အစွမ်းကုန်ကြိုးစားပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊ ယခုပြိုင်ပွဲ မှာလည်း အားကစားသမားများအနေဖြင့် မိမိအသင်းအောင်နိုင်ရေးအတွက် အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ တာဝန်ထမ်းဆောင်သည့် ဒိုင်လူကြီး များအနေဖြင့်လည်း သမာသမတ်ရှိရှိ စည်းမျဉ်း/စည်းကမ်း ဥပဒေနှင့်အညီ တရားမျှတ မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆို ပြီးနောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ပြိုင်ဝင်အသင်းများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီးနောက် အစီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ထွက်ခွာပြီး ပထမနေ့ ပွဲစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ ပထမဦးစွာ အမျိုးသား(၇)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (H1)တွင် ပထမ ကချင်ပြည်နယ်အသင်း (စံချိန် – ၂မိနစ် ၁၉.၁၈စက္ကန့်)၊ ဒုတိယ မွန်ပြည်နယ်အသင်း (စံချိန် – ၂မိနစ် ၂၀.၇၀စက္ကန့်)၊ တတိယ ရခိုင်ပြည်နယ်အသင်း (စံချိန် – ၂မိနစ် ၂၃.၈၉စက္ကန့်)၊ စတုတ္ထ မကွေးတိုင်းဒေသကြီးအသင်း (စံချိန် – ၂မိနစ် ၂၅.၂၂စက္ကန့်)၊ အမျိုးသမီး (၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (H1)တွင် ပထမ ရန်ကုန်တိုင်းဒေသကြီးအသင်း (စံချိန် – ၂မိနစ် ၂၇.၉၆စက္ကန့်)၊ ဒုတိယ ဧရာဝတီတိုင်းဒေသကြီးအသင်း (စံချိန် – ၂မိနစ် ၂၉.၅၀စက္ကန့်)၊ တတိယ ရှမ်းပြည်နယ်အသင်း (စံချိန် – ၂မိနစ် ၃၀.၁၉စက္ကန့်)၊ စတုတ္ထ တနင်္သာရီတိုင်းဒေသကြီး အသင်း (စံချိန် – ၄မိနစ် ၄၆.၇၅စက္ကန့်)၊ အမျိုးသား(၁၀)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (H1)တွင် ပထမ ရန်ကုန်တိုင်းဒေသကြီးအသင်း (စံချိန် – ၂မိနစ် ၂၁.၅၃စက္ကန့်)၊ ဒုတိယ စစ်ကိုင်းတိုင်းဒေသကြီး အသင်း (စံချိန် – ၂မိနစ် ၂၈.၀၅စက္ကန့်)၊ တတိယ မွန်ပြည်နယ်အသင်း (စံချိန် – ၂မိနစ် ၃၆.၉၃စက္ကန့်)၊ စတုတ္ထ မကွေးတိုင်းဒေသကြီးအသင်း (စံချိန် – ၂မိနစ် ၄၆.၄၇စက္ကန့်)၊ အမျိုးသမီး (၁၀)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (H1)တွင် ပထမ ရန်ကုန်တိုင်းဒေသကြီးအသင်း (စံချိန် – ၂မိနစ် ၃၁.၉၅စက္ကန့်)၊ ဒုတိယ ဧရာဝတီတိုင်းဒေသကြီးအသင်း (စံချိန် – ၂မိနစ် ၃၄.၁၁စက္ကန့်)၊ တတိယ မန္တလေးတိုင်းဒေသကြီးအသင်း (စံချိန် – ၂မိနစ် ၄၁.၁၀စက္ကန့်)၊ Mixed (၁၀)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (H1)တွင် ပထမရန်ကုန်တိုင်းဒေသကြီးအသင်း (စံချိန် – ၂မိနစ် ၂၂.၃၄စက္ကန့်)၊ ဒုတိယ ရှမ်းပြည်နယ်အသင်း (စံချိန် – ၂မိနစ် ၂၆.၅၆စက္ကန့်)၊ တတိယ မန္တလေးတိုင်းဒေသကြီးအသင်း (စံချိန် – ၂မိနစ် ၃၉.၁၁စက္ကန့်)၊ စတုတ္ထ ပဲခူးတိုင်းဒေသကြီးအသင်း (စံချိန် – ၂မိနစ် ၃၁.၉၂စက္ကန့်) ဖြင့် အသီးသီးရရှိခဲ့ပါသည်။

ဆက်လက်၍ ပထမနေ့ပွဲစဉ်များအဖြစ် အမျိုးသား(၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (H2) ၊ အမျိုးသမီး(၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (H2)၊ အမျိုးသား(၁၀) တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (H2)၊ အမျိုးသမီး (၁၀)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (H2)၊ Mixed (၁၀)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (H2)၊ အမျိုးသား(၇)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (H3)၊ အမျိုးသမီး(၇) တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (R1)၊ အမျိုးသား (၁၀) တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (H3)၊ အမျိုးသမီး(၁၀)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (R) ၊ Mixed (၁၀)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (R1)၊ အမျိုးသား(၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (R1)၊ အမျိုးသမီး (၇) တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (R2) ၊ အမျိုးသား (၁၀) တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (R1)၊ အမျိုးသမီး(၁၀)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (F)၊ Mixed (၁၀)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (R2)၊ အမျိုးသား(၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (R2)၊ အမျိုးသမီး(၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (F)၊ အမျိုးသား(၁၀)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (R2)၊ Mixed (၁၀)တက်လှေ မီတာ (၅၀၀) ပြိုင်ပွဲ (F)၊ အမျိုးသား(၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (SF1)၊ အမျိုးသား(၁၀)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (SF1)၊ အမျိုးသား(၇)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (SF2)၊ အမျိုးသား(၁၀)တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (SF2)၊ အမျိုးသား(၇) တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (F)၊ အမျိုးသား(၁၀) တက်လှေ မီတာ(၅၀၀)ပြိုင်ပွဲ (F) ပြိုင်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲစဉ်များကို ၁.၂.၂၀၂၂ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။