အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဲခူး၊ ဇွန်(၁၇)ရက်။

၂၀၂၂ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား၊ (၂၈)မြို့နယ်အသက် (၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို(၁၇.၆.၂၀၂၂)ရက်နေ့၊နံနက်(၀၉:၀၀)နာရီတွင်ပဲခူးတိုင်းဒေသကြီးအားကစားခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများတက်ရောက်ကြည့်ရှု့အားပေးခဲ့ပါသည်။

နှစ်ယောက်တွဲ ဗိုလ်လုပွဲတွင်ရွှေတောင်မြိုနယ်အသင်းမှ အုတ်ဖိုမြို့နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ သုံးယောက်တွဲ ဗိုလ်လုပွဲတွင် နတ်တလင်းမြို့နယ်အသင်းမှ ပေါင်းတည်မြို့နယ်အသင်းကိုနှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ရရှိခဲ့ပါသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာ နှစ်ယောက်တွဲပြိုင်ပွဲတွင်အကောင်းဆုံးကစားသမားဆုရရှိခဲ့သည့် မောင်နိုင်မြဲပိုင်၊ရွှေတောင်မြို့နယ်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင်မောင်တင့်မှ ဆုတံဆိပ်နှင့်ငွေသားဆုကျပ်တစ်သိန်း၊ သုံးယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံးရိုက်ခုတ်ဆုရရှိခဲ့သည့် မောင်ဇင်မင်းထက်၊ နတ်တလင်းမြို့နယ်၊အကောင်းဆုံးနောက်ထိန်းဆုရရှိခဲ့သည့် မောင်ရှိန်းကိုကိုအောင်၊ နတ်တလင်းမြို့နယ်၊ အကောင်းဆုံးပင့်ထောင်ဆုရရှိခဲ့သည့် မောင်ပြည့်စုံထူး၊ ပေါင်းတည်မြို့နယ်တို့အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်မှ ဆုတံဆိပ်များနှင့် ငွေသားဆုကျပ် တစ်သိန်းစီချီးမြှင့်ခဲ့ပါသည်။

နှစ်ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အုတ်တွင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သုံးသိန်းကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်ထွဋ်မှလည်းကောင်း၊ သုံးယောက်တွဲပြိုင်ပွဲတွင် တတိယဆုရှိခဲ့သည့် ပဲခူးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်ငါးသိန်းကို သံယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းမှ လည်း ကောင်း၊ နှစ်ယောက်တွဲပြိုင်ပွဲတွင်ဒုတိယဆုရရှိခဲ့သည့်အုတ်ဖိုမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်ခုနှစ်သိန်းကို စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှလည်းကောင်း၊ သုံးယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့်ပေါင်းတည်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်ခုနှစ်သိန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးဆွေမှလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ပါသည်။

ဒိုင်လူကြီးအဖွဲ့များအား ဂုဏ်ပြုငွေကျပ် ဆယ်သိန်း၊ နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ရွှေတောင်မြို့နယ်အသင်းအားတစ်ဦးဆုတံဆိပ်၊ငွေသားဆုကျပ်ဆယ်သိန်းနှင့်ပထမဆုဖလား၊ သုံးယောက်တွဲပြိုင်ပွဲတွင်ပထမဆုရရှိခဲ့သည့်နတ်တလင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ငွေသားဆုကျပ်ဆယ်သိန်းနှင့်ပထမဆုဖလားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်းမှ ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။