အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်)အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ

တောင်ကြီးမြို့၊ စက်တင်ဘာလ(၅)ရက်။

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်) မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများ လူစစ် ဆေးခြင်းကို ၄.၉.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်လည်းကောင်း၊ အသင်းအုပ်ချုပ်သူများအစည်းအဝေးကို မွန်းလွဲ (၁၄:၀၀)နာရီအချိန်တို့တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) လေ့ကျင့်ရေးဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ထွေး၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် ပြည်နယ်အတွက် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ထားသောစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများအနေဖြင့်လည်း အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့်လည်း စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျနားလည်သဘောပေါက်ရန်လိုအပ်ပြီး အုပ်ချုပ်သူ/နည်းပြများမှ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ စားသောက်နေထိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ဂရုတစိုက်ယှဥ်ပြိုင်ကစားသွားကြရန်၊ ဒါဏ်ရာရရှိနိုင်သည့် အားကစားနည်းဖြစ်သည့်အတွက်အသင်းအုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့် မိမိတို့၏အားကစားသမားများကိုသေချာပြုလုပ်ပေးစေလိုပါကြောင်း၊ သန့်ရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြားသွားခဲ့ကြောင်းသိရှိခဲ့ရပါသည်။

ထို့နောက် ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒိုင်လူကြီးများ၊ ကြီးကြပ်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများကို (၅.၉.၂၀၂၂)ရက်နေ့မှ (၁၉.၉.၂၀၂၂)ရက်နေ့ထိ (၁၅)ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲနှင့်ပတ်သက်ပြီး မရှင်းလင်းသည့်စည်းမျဉ်း/စည်းကမ်းများနှင့် ပတ်သက်သည်များကို ယခုတစ်ပါတည်းမေးမြန်းနိုင်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ပြည်နယ်ဒိုင်များဖြင့် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ၊ ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်း/စည်းကမ်းများ၊ ဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲဝင်အားကစားအထောက်အကူပြုပစ္စည်းများနှင့် ပတ်သက်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကာ ဆက်လက်ပြီး အစည်းအဝေးသို့တက်ရောက်ကြသူများမှ အထွေထွေဆွေးနွေးချက်များကိုတင်ပြခဲ့ကြပြီး နောက်အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ကြပြီး ဖြူစိမ်းအားကစားဝတ်စုံဆိုင်မှ ပြိုင်ပွဲဝင်အသင်းများအား အားကစားပစ္စည်း ၂၁ မျိုးကို မဲနှိုက်၍လက်ဆောင်များအဖြစ်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်းဇုန်)အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင် အသင်း(၂၁)သင်းဖြင့် အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမား အင်အားစုစုပေါင်း(၄၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပြိုင်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်းဇုန်) အတွင်း၌ တောင်ကြီးဇုန် ၊ တောင်ကြီးအား/ကာသိပ္ပံဇုန်များအဖြစ် ဇုန်(၂)ဇုန်ခွဲကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။