အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလှေလှော်အားကစားအဖွဲ့ ပြည်ပထွက်ခွာ

ရန်ကုန်၊ နိုဝင်ဘာလ(၁၆)ရက်။

ထိုင်းနိင်ငံ၊ ပတ္တရားမြို့တွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲ (14th ASIAN Dragon Boat Championship )နှင့် ဘန်ကောက်မြို့၊ ကျောက်ဖရားမြစ်တွင် နိုဝင်ဘာလ(၂၂)ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ထိုင်းရိုးရာလှေလှော်ပြိုင်ပွဲ (Thailand Traditional Boat and International Swan Boat Race 2022 )သို့ ပါဝင်ယှဉ်ပြိုင်ရန် ယနေ့နံနက်(၁၁)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ လှေလှော်အဖွဲ့ချုပ်မှတာဝနိရှိသူများနှင့် အား/ကာသိပ္ပံမှ သင်တန်းသား/သင်တန်းသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ထိုင်းအသင်း၊ သြစတေးလျအသင်း၊ ကမ္ဘောဒီးယားအသင်း၊ တိုင်ပေအသင်း၊ ဟောင်ကောင်အသင်း၊ တရုတ်အသင်း၊ အိန္ဒိယအသင်း၊ အင်ဒိုနီးရှားအသင်း၊ မလေးရှားအသင်း၊ မြန်မာအသင်း၊ နီပေါအသင်း၊ စင်ကာပူအသင်း၊ စုစုပေါင်း(၁၂)၊ မြန်မာအသင်းမှ အမျိုးသား(၂၂)တက် မီတာ(၂၀၀)၊ (၅၀၀)၊ (၁၀၀၀)၊နှင့် အမျိုးသား/အမျိုးသမီး (၂၂)တက် မီတာ(၂၀၀) ၊(၅၀၀)၊ (၁၀၀၀) တို့ဖြင်လည်ကောင်း၊ အမျိုးသား(၁၂)တက် မီတာ(၂၀၀)၊(၅၀၀)၊(၁၀၀၀)၊ အမျိုးသမီး (၁၂)တက် မီတာ(၂၀၀)၊ (၅၀၀)၊ (၁၀၀၀)နှင့်အမျိုးသား/အမျိုးသမီး(၁၂)တက် မီတာ(၂၀၀)၊(၅၀၀)၊(၁၀၀၀)တို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။