အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာအသင်းငွေ(၉)ခု၊ ကြေး(၃)ခုနှင့် Thailand Traditional Boat and International Swan Boat Race 2022 တွင် ငွေ(၂)ခု၊ ကြေး(၂)ခု ရရှိပြီး ပြန်လည်ရောက်ရှိ

ရန်ကုန်၊နိုဝင်ဘာလ(၂၈)ရက်။

မြန်မာလှေလှော်အားကစားအဖွဲ့သည်ထိုင်းနိုင်ငံ၊ပတ္တရားမြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်မှ (၂၂)ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သည့် (၁၄)ကြိမ်မြောက်အာရှနဂါးလှေလှော်ပြိုင်ပွဲ (14th ASIAN Dragon Boat Championship )ပြိုင်ပွဲတွင် ငွေ(၉)ခု၊ ကြေး(၃)ခုဖြင့်လည်းကောင်း၊ ဘန်ကောက်မြို့၊ ကျောက်ဖရားမြစ်တွင် နိုဝင်ဘာလ(၂၂)ရက်နေ့မှ (၂၆)ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သော ထိုင်းရိုးရာလှေလှော်ပြိုင်ပွဲ (Thailand Traditional Boat and International Swan Boat Race 2022 )တွင် ငွေ(၂)ခု၊ ကြေး(၂)ခုဖြင့်ပွဲစဉ် (၁၇)ပွဲတွင် (၁၆)ပွဲအနိုင်ရရှိ၍ စုစုပေါင်းငွေ(၁၁)ခု၊ကြေး(၅)ခုဖြင့် နိုင်ငံအလိုက် အဆင့်(၄) ရရှိခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ထိုင်းအသင်း၊ သြစတေးလျအသင်း၊ ကမ္ဘောဒီးယားအသင်း၊တိုင်ပေအသင်း၊ ဟောင်ကောင်အသင်း၊ တရုတ်အသင်း၊ အိန္ဒိယအသင်း၊ အင်ဒိုနီးရှားအသင်း၊ မလေးရှားအသင်း၊ မြန်မာအသင်း၊ နီပေါအသင်း၊ စင်ကာပူအသင်း စုစုပေါင်း(၁၂)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး Thailand Traditional Boat and International Swan Boat Race 2022 ပြိုင်ပွဲ၌ဖိလစ်ပိုင်အသင်းနှင့်လာအိုအသင်းပါဝင်ယှဉ်ပြိုင်ပြီးနိုင်ငံအလိုက် အင်ဒိုနီရှားအသင်းမှ ပထမ၊ ထိုင်းအသင်းမှ ဒုတိယ၊ တရုတ်အသင်းမှ တတိယနှင့် မြန်မာအသင်းက စတုတ္ထရရှိခဲ့သည်။

အဆိုပါ မြန်မာအားကစားအဖွဲ့သည် ယမန်နေ့ည(၈:၄၅)နာရီအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးဦးအောင်မိုးနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှတာဝန်ရှိသူများကသွားရောက်ကြိုဆိုခဲ့ကြောင်းသိရှိရသည်။