အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၃)ကြိမ်မြောက် အာဆီယံ အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ ထိုင်းနိုင်ငံသို့ ထွက်ခွာ

ရန်ကုန်၊ အောက်တိုဘာလ(၂၅) ရက်။ 

ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့တွင် ၂၆.၁၀.၂၀၂၂ ရက်နေ့မှ ၂၈.၁၀.၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၃)ကြိမ်မြောက်အာဆီယံ အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(13th  ASEAN  Senior Officials Meeting On Sports (SOMS- 13) and Related  Meetings ) သို့ တက်ရောက်ရန်  အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယနေ့နံနက်(၁၁)နာရီခွဲ အချိန်တွင် လေယာဉ်အမှတ် WE 302  ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။