အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ (၇.၆.၂၀၂၃) ရက်နေ့တွင် ရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၈)ခု၊ ကြေးတံဆိပ်(၉)ခု ထပ်မံဆွတ်ခူးရရှိ

ကမ္ဘောဒီးယား၊ ဇွန်(၇)။

၂၀၂၃ ခုနှစ်၊ ဇွန်လ(၃)ရက်နေ့မှ (၉)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများကို ယနေ့နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပပြုလုပ်ခဲ့ရာ Morodok Techonational Stadium Complex ၌ ကျင်းပလျက်ရှိသည့် ပြေးခုန်ပစ် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်တင်ညိုသည် အမျိုးသား လှံတံပစ်(F63)ပြိုင်ပွဲနှင့် သံလုံးပစ် (F63)ပြိုင်ပွဲတို့တွင် ပထမ(ရွှေတံဆိပ်)ဆု (၁)ခုစီကိုလည်းကောင်း၊  မောင်အောင်ဘုန်းမြတ်သည် အမျိုးသား သံလုံးပစ် (F46)ပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်)ဆုနှင့် အမျိုးသား သံပြားပစ် (F46)ပြိုင်ပွဲတွင်  ဒုတိယ(ငွေတံဆိပ်)ဆု (၁)ခုစီကိုလည်းကောင်း၊ အမျိုးသားမီတာ ၁၅၀၀ (T64)ပြိုင်ပွဲတွင် မောင်လင်းက ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသားသံလုံးပစ် (F63)ပြိုင်ပွဲတွင် မောင်တင်ညိုက ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသား သံပြားပစ်(F64)ပြိုင်ပွဲတွင် မောင်ရဲမင်းစိုးက ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသမီး လှံတံပစ် (F64) ပြိုင်ပွဲတွင် မစိန်ဖော့က ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသမီး သံပြားပစ်(F55)ပြိုင်ပွဲတွင် မထက်ထက်အေးက ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊  အမျိုးသား သံပြားပစ်(F64)ပြိုင်ပွဲတွင် မောင်ဟိန်းထက်လှိုင်က တတိယ(ကြေးတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသမီး မီတာ (၁၀၀) (T47)ပြိုင်ပွဲတွင် မနန္ဒာလင်းက တတိယ(ကြေးတံဆိပ်)ဆုကိုလည်းကောင်း၊ အလေးမအားကစားနည်းမှ အမျိုးသမီး (၈၆)ကီလိုတန်း (Total List)နှင့် (Best List)ပြိုင်ပွဲတွင် မငြိမ်းစန္ဒာအောင်က ဒုတိယ(ငွေတံဆိပ်) (၁)ခုစီကိုလည်းကောင်း၊ မျက်မမြင်စစ်တုရင်အားကစားနည်းမှ အမျိုးသားတစ်ဦးချင်း(လုံးဝမမြင်) ပုံမှန်ရွှေ့ပြိုင်ပွဲတွင် မောင်ကောင်းစံက တတိယ(ကြေးတံဆိပ်)ဆုကိုလည်းကောင်း၊  အမျိုးသား (တစ်စိတ်တစ်ဒေသ)မျက်မမြင်အသင်းလိုက် ပုံမှန်ရွှေ့ပြိုင်ပွဲတွင် မောင်မောရှေ၊ မောင်လင်းထက်နောင်၊ မောင်လှမိုးတို့က တတိယ(ကြေးတံဆိပ်)ဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

ဆက်လက်ပြီး Morodok Techo National Stadium Aquatic Centre ၌ ကျင်းပလျက်ရှိသည့် ရေကူးအားကစားနည်းမှ အမျိုးသား မီတာ(၂၀၀) (၄)မျိုးကူးပြိုင်ပွဲတွင် မောင်အောင်မြင့်မြတ်က ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ မောင်စိုးဝင်းသည် အမျိုးသား မီတာ(၄၀၀) အလွတ်ကူးပြိုင်ပွဲတွင် တတိယ(ကြေးတံဆိပ်)နှင့် မီတာ(၁၀၀) အလွတ်ကူးပြိုင်ပွဲတွင် တတိယ(ကြေးတံဆိပ်)ဆု တို့ကို လည်းကောင်း၊ အမျိုးသား မီတာ(၅၀) လိပ်ပြာကူးပြိုင်ပွဲတွင် မောင်ကောင်းမြတ်ကျော်က တတိယ (ကြေးတံဆိပ်)ဆုကိုလည်းကောင်း ဆုတံဆိပ်များ အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများ အသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံမသန်စွမ်းအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မျက်မမြင်စစ်တုရင်၊ ရေကူး၊ ဘော်လီဘော၊ ဂိုးလ်ဘော၊ အလေးမ၊ ဘောလုံး၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ် ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ မသန်စွမ်းအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၈)ခုနှင့် ကြေးတံဆိပ်(၉)ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြသည်။ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ် (၁၄)ခု၊ ငွေတံဆိပ်(၂၂)ခုနှင့် ကြေးတံဆိပ်(၁၈)ခု၊ စုစုပေါင်းဆုတံဆိပ်(၅၄)ခု ဆွတ်ခူးရရှိထားပြီဖြစ်ကြောင်း သိရသည်။