အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်

ပုသိမ်၊ ဇန်နဝါရီလ (၂၇)ရက်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်အခမ်းအနားကို ပုသိမ်မြို့ကိုးသိန်းအားကစားခန်းမတွင် (၂၇.၁.၂၀၂၂) ရက်နေ့တွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများ၊ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ကြပါသည်။

အမျိုးသမီးဗိုလ်လုပွဲအဖြစ် မအူပင်ခရိုင်အသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့ယှဉ်ပြိုင်ခတ်ကစားရာ ပုသိမ်ခရိုင်အသင်းက ပထမ၊မအူပင်ခရိုင်အသင်းက ဒုတိယ၊ အမျိုးသားဗိုလ်လုပွဲအဖြစ် မအူပင်ခရိုင်အသင်းနှင့် ဖျာပုံခရိုင်အသင်းတို့ ယှဉ်ပြိုင်ခတ်ကစားရာ မအူပင်ခရိုင်အသင်းကပထမ၊ ဖျာပုံခရိုင်အသင်းက ဒုတိယဆုရရှိကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်းတို့မှ ပထမတံခွန်စိုက်ဆုဖလားများအားလည်းကောင်း၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဇနီးများမှအသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။