အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ မတ် (၂၃) ရက်။

လူငယ်များကို အနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မအူပင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ခရိုင်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာနတို့ ပူးပေါင်းပြုလုပ်သည့် “ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” အခမ်းအနားကို ယနေ့မနက်ပိုင်းတွင် မအူပင်ခရိုင်၊ မအူပင်မြို့ရှိ နယ်စပ်စည်ပင်တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် နယ်စပ်စည်ပင်တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဦးဝင်းမင်း၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်နှင့် မအူပင်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်မြင့်တို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ခေါင်းစဉ်အသီးသီးဖြင့် ဟောပြောခဲ့ပြီးနောက် ခရိုင်အား/ကာဦးစီးဌာန လ/ထညွှန်ကြားရေးမှူးမှ အားကစားပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။