အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဧရာဝတီတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်

ပုသိမ်၊ မတ်လ(၂၆)ရက်။

ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို (၂၆.၃.၂၀၂၂)ရက်နေ့တွင် ပုသိမ် မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာတန်ဆောင်ခန်းမတွင် နေ့လည် (၁၁:၃၀) အချိန်တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ကြပါသည် ။

အခမ်းအနားအား ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး အားကစား ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက်ဟောပြောပွဲအား ဆက်လက်ကျင်းပရာ ပညာရေး ဝန်ကြီးဌာနကိုယ်စား ပုသိမ်ခရိုင်ပညာရေးမှူးမှလည်း ကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စား ခရိုင်ပြန်/ဆက်ဦးစီးဌာနမှူးမှလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စား ပုသိမ်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးမှလည်းကောင်း အသီးသီး ဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါ ဟောပြောပွဲကို မြောင်းမြခရိုင်၊ ဖျာပုံခရိုင်၊ လပွတ္တာခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင် မြို့နယ်များတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။