အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက်(၁၉)နှစ်‌နှင့်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ်၊ ဇူလိုင်(၆)ရက်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင် အသက်(၁၉)နှစ်‌နှင့်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၅.၇.၂၀၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ ပုသိမ်တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု့အားပေးခဲ့ကြပြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားကာ အဖွင့်ပွဲစဉ်အဖြစ် ကျုံပျော်ခရိုင်အသင်းနှင့်ပုသိမ်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားကြပုံများကိုကြည့်ရှု့အားပေးခဲ့ပါသည်။ အဖွင့်ပွဲစဉ်တွင် ကျုံပျော်ခရိုင်အသင်းမှ ပုသိမ်ခရိုင်အသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။