အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဦးစီးအရာရှိနှင့်အဆင့်တူရာထူးမှ လက်ထောက်ညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် လူတွေ့အရည်အချင်းစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ(၃)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(ဝန်ကြီးရုံး)နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့တွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိနှင့် အဆင့်တူရာထူးမှ လက်ထောက်ညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများအား ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ဝဏ္ဏသိဒ္ဓီအားကစားရုံ (B) ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း/စည်းကမ်းများနှင့်အညီ (၁.၁၂.၂၀၂၂) ရက်တွင်ပြုလုပ်ခဲ့ရာ လာရောက်ဖြေဆိုသူ (၁၃၉)ဦးနှင့် Virtual Online စနစ်ဖြင့်ဖြေဆိုသူ (၁၂)ဦး၊ စုစုပေါင်း (၁၅၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပါသည်။

အဆိုပါရေးဖြေစာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ (၄၄)ဦးအား ယမန်နေ့နံနက်(၉)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (အပေါ်ထပ်) ၌လည်းကောင်း၊ Virtual Online စနစ်ဖြင့်လည်းကောင်း လူတွေ့အရည်အချင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။