အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လယ်ဝေးမြို့နယ် စမတောင် မဟာပရဟိတဂေဟာတွင် လူငယ်စကားဝိုင်းကျင်းပ

နေပြည်တော်၊ မတ် (၁၂)ရက်။

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ စမတောင်မဟာပရဟိတဂေဟာတွင်ယမန်နေ့မွန်းလွဲ(၂)နာရီက မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီမှ ဉီးဆောင်၍ လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပရာ လူငယ်ရေးရာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက လူငယ်များသည်တိုင်းပြည်၏ အနာဂတ်အတွက်တန်ဖိုးရှိသည့် ဘက်စုံထူးချွန်ပြီးဗလငါးတန်နှင့် ပြည့်စုံသည့်လူကောင်းလူတော်များဖြစ်လာစေရေးအတွက် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် လူငယ်ရေးရာဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်နေမှုများ မှတ်တမ်းဗီဒီယိုအားပြသခဲ့ပါသည်။

ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်မျိုးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင် တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ဆောင်ရွက်ပြီး Grade(11)မှ မမေဝတီစိုးက လူငယ်နှင့်အားကစား၊ Grade(11)မှ မသန်းထိုက်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade(11)မှ မောင်ရန်စိုးက လူငယ်နှင့်ပညာရေး ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ကျောင်း သူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာကဏ္ဍအလိုက်ပြန်လည်ဖြေကြားခဲ့ပါသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူလေးများအား ဉာဏ်စမ်းပဟေဠိများ မေးမြန်း၍ အဖြေမှန်သူများအား ဆုလက်ဆောင်များပေးအပ်ခဲ့ပါသည်။ ထို့နောက် လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြား ရေးမှုးချုပ် ဦးနေဝင်းက စမတောင်ပရဟိတဂေဟာသို့ အလှူငွေများပေးအပ်လှူဒါန်းကာ လူငယ်စကားဝိုင်းတွင် ဦးဆောင်ပါဝင်ဆွေးနွေးခဲ့ကြသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူးနှင့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပါသည်။