အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူး(ထောက်လု)ပြိုင်ပွဲဖွင့်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်း အနားကျင်းပ

တောင်ကြီးမြို့၊ ဇွန်လ(၂၅)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရှမ်းပြည်နယ်ဝူရှူး (မိဘ/ဆရာ)အသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဒုတိယအကြိမ်မြောက် ဝူရှူး(ထောက်လု)ပြိုင်ပွဲကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန်မှစတင်၍ တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ညွန့် ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဝူရှူး(ထောက်လု)ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်များနှင့်စပ်လျဥ်းပြီး ပြောကြားရာတွင် အမှတ်တရထူးခြားလှတဲ့နေ့တစ်နေဖြစ်တဲ့ အိုလံပစ်နေ့ကို မမေ့မလျော့ပဲ အထိမ်းအမှတ်ဖြစ်စေရန်နှင့် နွေရာသီအခြေခံအားကစားသင်တန်းများမှတဆင့် မိမိတို့ပြည်နယ်ကို ကိုယ်စားပြုနိုင်မယ့် ထူးချွန်ထက်မြက်တဲ့ ဝူရှူး မျိုးဆက်သစ်လူငယ်အားကစားသမားများပေါ်ထွက်လာစေရန်နဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကိုအထောက်အကူပြုစေဖို့ပဲဖြစ်ပါကြောင်း ၊ ” အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်အားကစားလှုပ်ရှားမှုများ” ကိုတော့ ၁၈၉၄ ခုနှစ် ၊ ဇွန်လ (၂၃)ရက်နေ့မှစတင်ကာ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကိုစတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါနေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာတစ်ဝှမ်းလုံးရှိအဖွဲ့ဝင်နိုင်ငံအသီးသီးမှာ နှစ်စဥ်နှစ်တိုင်းအားကစားပြိုင်ပွဲများ ၊ အထိမ်းအမှတ်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြခြင်းဖြစ်ပါကြောင်း ပြောကြားသွားကာ ၂၀၂၃ ခုနှစ် ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် ဝူရှူး(ထောက်လု)ပြိုင်ပွဲကို ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့တွင် ဒုတိယအကြိမ်အဖြစ်ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်မှစတင်ကျင်းပပေးခဲ့တဲ့ အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူး(ထောက်လု)ပြိုင်ပွဲမှ မျိုးဆက်သစ်အားကစားသမားများမွေးထုတ်ပေးနိုင်ခဲ့ကာ ၂၀၂၂ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲမှာတော့ ရွှေတံဆိပ် (၂)ခု ၊ ငွေတံဆိပ် (၃)ခု ၊ ကြေးတံဆိပ် (၁၅)ခု ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း ယခင်နှစ်ထက်မခြား ဆုတံဆိပ်များ ပိုမိုရရှိရန် ကြိုးစားကစားသွားကြစေလိုကြောင်း အစရှိသည်များကိုပြောကြားသွားကာ စစ်ရေးပြမှူးမှဦးဆောင်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးအား အလေးပြုတန်းအပ်ခဲ့ကာ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်အားပြိုင်တူရွတ်ဆိုခဲ့ကြပါသည်။

ဆက်လက်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရအားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါကြောင်း သိရှိရပါသည်။