အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အိမ်မဲမြို့နယ် အလက(ခွဲ)လက်ပံကုန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ်ကျောင်းသားကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက်(၁၁)နာရီက အိမ်မဲမြို့နယ်ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စုအလက(ခွဲ)လက်ပံကုန်းကျောင်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင်အလက(ခွဲ)လက်ပံကုန်းကျောင်းအုပ်ဆရာမကြီး (တာဝန်ခံ) ဒေါ်စန်းစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်အကျင့်စာရိတ္တကောင်းမွန်ရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးက လူငယ်နှင့်အားကစားခေါင်းစဉ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝေဝေထွန်းက ကလေးသူငယ်အခွင့်အရေးခေါင်းစဥ်၊ စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလေးလွင်က စားသုံးရန်မသင့်သည့်အစားအစာများ၊ ကုန်ညွှန်းအမှတ် အသားခေါင်းစဥ်များဖြင့်အသီးသီးဟောပြောခဲ့ကြကြောင်းသိရသည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးကျောင်းသားကျောင်းသူများစာဖတ်သည့်အလေ့အထကောင်းများရရှိစေရန် စာဖတ်ဝိုင်းများပြုလုပ်ပေးခဲ့ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိ ပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာအသိပညာ ပေးနံရံကပ်စာစောင်များကို ပြသထားရှိရာဆရာ/မများနှင့်ကျောင်းသား/သူများကစိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာန်ခံ ဒေါ်အိအိမျိုးက ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် Myanmar FitnessDance အကဖြင့် လေ့ကျင့် သင်ကြားပေးခဲ့ရာ ကျောင်းသားကျောင်းသူများ ပျော်ရွင်စွာလိုက်ပါကစားခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲသို့‌အလက(ခွဲ)လက်ပံကုန်းကျောင်းမှ ဆရာဆရာမများ၊ ကျောင်းသား/သူ(၃၀၀)ဦးကျော်မှ စိတ်ပါဝင်စားစွာတက်ရောက်နားထောင်ခဲ့ကြကြောင်းသိရသည်။