အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ၂၀၂၃ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဒုတိယနေ့ပွဲစဥ်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ရှိ မြို့နယ်ထွေ/အုပ်ဖူဆယ်အားကစားကွင်းအတွင်း၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အုပ်စုပွဲစဥ်များကို ပွဲစဥ်(၅)အဖြစ် ခေတ္တရာလူငယ် အသင်း Vs လင်းစတား အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ လင်းစတား အသင်းမှ ခေတ္တရာလူငယ် အသင်းကို (၅)ဂိုး / (၃)ဂိုးဖြင့်လည်းကောင်း ၊ ပွဲစဥ်(၆)အဖြစ် Arrow အသင်းနှင့် န.တ.လ အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ န.တ.လ အသင်းမှ Arrow အသင်းကို (၅)ဂိုး / (၁)ဂိုးဖြင့်လည်းကောင်း ၊ ပွဲစဥ်(၇)အဖြစ် စိုက်ပျိုးရေး အသင်းနှင့် အနောက်ခြမ်းမြို့သစ် အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ အနောက်ခြမ်းမြို့သစ် အသင်းမှ စိုက်ပျိုးရေး အသင်းကို (၂)ဂိုး / (၁)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားကြကြောင်းသိရှိရပြီး ပွဲစဥ်(၈)အဖြစ် ကိုးကန့်လူငယ် အသင်းနှင့် နယူးဟိုက်စွမ် အသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ရာ တစ်ဖက်

(၁)ဂိုး စီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်းသိရှိခဲ့ရပြီး အဆိုပါပြိုင်ပွဲကို(၁၅.၂.၂၀၂၃)ရက်နေ့မှ(၂၈.၂.၂၀၂၃)ရက်နေ့အထိ မြို့နယ်ထွေ/အုပ်ဖူဆယ်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ဖူဆယ်ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိခဲ့ရပါသည်။