အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

ရန်ကုန်၊ မေလ (၂၃)ရက် ။

ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့တင်းနစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွှယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒိုင်လူကြီးများ၊ တင်းနစ်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့နံနက်(၈)နာရီမှစ၍ အမျိုးသားအသင်းလိုက် ပြိုင်ပွဲများတွင် ကချင်ပြည်နယ် အသင်း (၃:၀) ရှမ်းပြည်နယ်အသင်း ၊ ရန်ကုန်တိုင်းဒေသကြီး အသင်း(၃:၀) တနင်္သာရီ တိုင်းဒေသကြီး အသင်း ၊ မွန်ပြည်နယ် အသင်း(၀:၃) ပဲခူးတိုင်းဒေသကြီးအသင်း၊ ကရင်ပြည်နယ်အသင်း(၃:၀) ကယားပြည်နယ်အသင်း ၊ ရခိုင်ပြည်နယ်အသင်း(၃:၀) မကွေးတိုင်းဒေသကြီးအသင်း ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်း(၃:၀) နေပြည်တော်အသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်း (၁:၂) ဧရာဝတီတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲများတွင် ဧရာဝတီတိုင်းဒေသကြီး အသင်း (၁:၂) ရှမ်းပြည်နယ်အသင်း ၊ ကရင်ပြည်နယ်အသင်း(၀:၃) မန္တလေးတိုင်းဒေသကြီးအသင်း ၊ ရန်ကုန်တိုင်းဒေသကြီးအသင်း(၃:၀) စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ဖြင့် အသီးသီးယှဉ်ပြိုင်အနိုင်ရရှိသွားသည်။

ထို့နောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲများတွင် စိုင်းဟံမျိုးအောင်(ကရင်ပြည်နယ်) (၂:၀) လပြည့်မောင်(မွန်ပြည်နယ်)၊ ဝင်းမျိုးကျော် (တနင်္သာရီတိုင်းဒေသကြီး) (၂:၀) ရန်နောင်ဦး (ဧရာဝတီတိုင်းဒေသကြီး)၊ ဖီဆာဆဲ (ပဲခူးတိုင်းဒေသကြီး) (၂:၀) ဇာနည် (မန္တလေးတိုင်း ဒေသကြီး)၊ မြတ်နိုးအောင် (ရန်ကုန်တိုင်းဒေသကြီး) (၂:၀) မင်းမင်းသူ (နေပြည်တော်)၊ ကောင်းမြတ်သာ (စစ်ကိုင်းတိုင်းဒေသကြီး) (၁:၂) အောင်သော်ခန့်(ရန်ကုန်တိုင်းဒေသကြီး)၊ သီဟစိုး (မန္တလေးတိုင်းဒေသကြီး(၀:၂) ဒါဝူ (ပဲခူးတိုင်းဒေသကြီး)၊ ဟန်သစ်သူ (ရန်ကုန်တိုင်း ဒေသကြီး) (၀:၂) ဇော်မွန်းအောင်(ကချင်ပြည်နယ်)၊ မြတ်ကောင်းထက်(မွန်ပြည်နယ်) (၀:၂) တောင်ရှန်ကုတ် (ချင်းပြည်နယ်)၊ လပြည့်အောင် (တနင်္သာရီတိုင်းဒေသကြီး) ( ၂ : ၀ ) မျိုးမြင့်ထွန်း (ကယားပြည်နယ်)၊ ဝင်းနိုင်ထွန်း(မကွေးတိုင်းဒေသကြီး) (၀:၂) ဇော်မင်းသူ (ဧရာဝတီတိုင်းဒေသကြီး)တို့သည်လည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲများတွင် ရတနာထွန်း(ကရင်ပြည်နယ်) (၀:၂) အိဖြူ (မန္တလေးတိုင်းဒေသကြီး)၊ ခင်နန္ဒာဇော် (ချင်းပြည်နယ်)(၂:၀) စန္ဒကူး (ပဲခူးတိုင်းဒေသကြီး)၊ သက်နှင်းအိမ် (စစ်ကိုင်းတိုင်းဒေသကြီး) (၀:၂) ဟေမာန်ဆောင်း (ဧရာဝတီတိုင်းဒေသကြီး)တို့ဖြင့် အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

ဆက်လက်၍ မေလ(၂၄)ရက်နေ့ ပြိုင်ပွဲအနိုင်/အရှုံးများကို ဖော်ပြသွားမည်ဖြစ်ပြီး ပွဲစဉ်များကို (၂၈.၅.၂၀၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရှိရသည်။