အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက စခန်းသွင်းလေ့ကျင့်နေသည့် ကာယဗလလက်ရွေးစင်အားကစားသမားများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ နိုဝင်ဘာလ(၁၂)ရက်။        

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့သည် ယနေ့နံနက်(၁၁)နာရီအချိန်က ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး၀င်းအတွင်းရှိ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်သို့ရောက်ရှိရာ အားကစားသမားများ၏ နေထိုင်စားသောက်မှုနှင့် လေ့ကျင့်နေမှုများအား အဆင်ပြေမပြေ မေးမြန်းကြည့်ရှု၍ ဆုတံဆိပ်ရရှိမှုကို အစွမ်းကုန်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို တာ၀န်ရှိသူများနှင့်အတူ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ကို မှာကြားခဲ့သည်။

ဆက်လက်၍ အစည်းဝေးခန်းမ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်သန်းနှင့် ဒေါ်ရီရီဝင်း၊ အမှုဆောင်များ၊ နည်းပြ/အုပ်ချုပ်သူများ တက်ရောက်ကြပြီး ဒုတိယဥက္ကဌ ဦးကျော်သန်းက အောင်မြင်မှုရရှိရေးကိစ္စရပ်များ၊ အဖွဲ့ချုပ်မှ ပြင်ဆင်ဆောင်ရွက်ထားသည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဦးက လေ့ကျင့်ရေး၊ အောင်နိုင်ရေးနှင့် ဆေးဝါးများကိုလည်း ယခင်နှစ်များနည်းတူ ပံ့ပိုးသွားမှာဖြစ်ကြောင်း၊ တားမြစ်ဆေးသုံးစွဲခြင်းကိစ္စရပ်နှင့်စပ်လျဉ်၍ လုံးဝရှောင်ကြဉ်စေလိုသည့် အတွက် အားကစားသမားများ တိတိကျကျ လိုက်နာမှုရှိစေရန် အုပ်ချုပ်သူ/နည်းပြုများက အနီးကပ်ကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သဘောထားမှာလည်း တားမြစ်ဆေးဝါး သုံးစွဲပြီးရသော ဆုတံဆိပ်မျိုးကို မလိုလားပါကြောင်း၊ တားမြစ်ဆေးဝါး သုံးစွဲတွေ့ရှိခဲ့လျှင် ထိထိရောက်ရောက်  အရေးယူသွားမည် ဖြစ်ပါကြောင်း၊ လာမည့် SEA Games အတွက် အတန်း(၁၅)တန်း  စခန်းဝင်လေ့ကျင့်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ အုပ်ချုပ်သူ/နည်းပြများ အနေဖြင့်လည်း အားကစားသမားများအား မှန်မှန်ကန်ကန်ရွေးချယ်စေလိုကြောင်း၊  မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အားကစားသမားရွေးချယ်ရာ၌ အဖွဲ့ချုပ်၏ တင်ပြလာသည့်အပေါ် အဆင့်ဆင့်စိစစ်ရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယဥက္ကဌဦးကျော်သန်းနှင့် ဒုတိယဥက္ကဌ ဒေါ်ရီရီဝင်းတို့က  အားကစားသမားများ တားမြစ်ဆေးဝါး သုံးစွဲရေးကိစ္စနှင့်စပ်လျဉ်း၍ လမ်းညွှန်ချက် အတိုင်းလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အထွေထွေဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် လက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးပြီး တစ်ဦးချင်းစီအား လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရသည်။