အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ

၁။ အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲအား (၃၀.၇.၂၀၁၂)ရက်နေ့တွင် အရာထမ်း(၅၇)ဦး၊ အမှုထမ်း(၂၈၈)ဦး၊ စုစုပေါင်း(၃၄၅)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အရာထမ်း(၂၂)ဦး၊ အမှုထမ်း(၁၈၁)ဦး၊ စုစုပေါင်း (၂၀၃)ဦးဖြင့် ဆောင်ရွက်နေခြင်း

 

၂။ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း၍ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများတွင် (အားကစားပညာပေးဟောပြောပို့ချခြင်း၊ နည်းပြများတွဲဘက်လေ့ကျင့် ပေးခြင်း၊ အားကစားအထောက်အကူပြုပစ္စည်းများထောက်ပံ့ပေးခြင်း၊ အားကစားအရာရှိများအား တွဲဘက်လေ့ကျင့်ပေးခြင်း)

 

၃။ အားကစားနှင့်ကာယပညာသိပ္ပံများတွင် ကာယဆရာ/ဆရာမများ၊ နည်းပြဆရာမွမ်းမံသင်တန်း ဖွင့်လှစ်ရေးဆောင်ရွက်ခြင်း

 

၄။ ၂၀၁၆-၂၀၁၇ ခုနှစ်၊ ပညာသင်နှစ်ကျောင်းသား/သူဦးရေ စာရင်းချုပ်ဇယား

 

၅။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် အားကစားပညာသိပ္ပံဘွဲ့ B.Sc (Sports) ဘာသာရပ်ကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်၍ ဒဂုံတက္ကသိုလ်(သင်္ချာဌာန)နှင့် ရတနာပုံတက္ကသိုလ်(အရှေ့တိုင်းပညာဌာန)နှင့် တွဲဖက်ထားရှိပြီး နိုင်ငံ တကာစံနှုန်းများနှင့်အညီ ပြုစုထားသော သင်ကြားရေးဘာသာရပ် (၂၀)ခုနှင့် လေ့ကျင့်ရေး ဘာသာရပ် (၂၄)ခုတို့ဖြင့် သင်ကြားပို့ချလျက်ရှိခြင်း