အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)

စတင်ဖွင့်လှစ်သည့်နေ့ ကစားနည်း သင်တန်းသား

၂၀၁၆-၁၇ ၂၀၁၆-၁၇

၁။ ရန်ကုန်သိပ္ပံ – ၂၇-၇-၁၉၉၂ ၂၅-နည်း (၆၆၅) ဦး

၂။ မန္တလေးသိပ္ပံ – ၁-၆-၂၀၀၂ ၂၇-နည်း (၆၅၃) ဦး

၃။ မော်လမြိုင်သိပ္ပံ – ၉-၆-၂၀၁၄ ၁၀-နည်း (၂၅၀) ဦး

၄။ တောင်ကြီးသိပ္ပံ – ၁၇-၁၀-၂၀၁၄ ၁၀-နည်း (၂၅၀) ဦး

 

သင်တန်းသားရွေးချယ်မှု

ပညာသင်နှစ်အတိုင်း နှစ်စဉ်ကျောင်းမဖွင့်မီ တစ်လခန့် ကြိုတင်ကာသတင်းစာများ၊ မြန်မာ့ရုပ်မြင်သံကြားများမှ ကျောင်းသားသစ်ခေါ်ယူခြင်း၊ သတင်းထုတ်ပြန်ခြင်း၊ ကျောင်းမဖွင့်မီ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများသို့ သင်တန်းသားရွေးချယ်ရေးအဖွဲ့များ စေလွှတ်ကာ သတ္တမတန်း အတွက်အသက်(၁၂) နှစ်မှ(၁၃) နှစ်အတွင်း(ကျား) အရပ်(၅’ ၄” ) ကိုယ်အလေးချိန်(၁၀၀) ပေါင်၊ (မ) အရပ်(၅’ ၃” ) ၊ကိုယ်အလေးချိန်(၉၅) ပေါင်၊ အဌမတန်းအတွက်အသက်(၁၃) နှစ်မှ(၁၅) နှစ်အတွင်း(ကျား) အရပ်(၅’ ၆” )၊ ကိုယ်အလေးချိန်(၁၁၀) ပေါင်၊ (မ) အရပ်(၅’ ၄” ) ကိုယ်အလေးချိန်(၁၀၀) ပေါင်၊ နဝမတန်းအတွက်အသက်(၁၃) နှစ်မှ(၁၅) နှစ်အတွင်း(ကျား) အရပ် (၅’ ၆” ) ကိုယ်အလေးချိန်(၁၁၀)ပေါင်၊(မ) အရပ်(၅’ ၄” ) ၊ကိုယ်အလေးချိန်(၁၀၀) ပေါင်တို့ကို၎င်း၊ အရပ်နှင့်ကိုယ်အလေးချိန်အချိုးအစားပြေပြစ်သူ၊ ကိုယ်လက်အင်္ဂါနှင့်ပတ်သက်၍ ပြင်းထန်စွာ ဒဏ်ရာရထားဘူးသူမဖြစ်စေရ၊ မျက်မှန်တပ်သူမဖြစ်စေရ၊ အသက်အရွယ်အလိုက် ကိုယ်ခန္ဓာဖွံ့ဖြိုးမှု ပုံမှန်ရှိသူ၊ မျိုးရိုးဗီဇရှိသူ၊ ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်သူ၊ စိတ်ကျန်းမာရေး ကောင်းမွန်သူ၊ အားကစားကို စိတ်ဝင်စားပြီး ဆန္ဒပြင်းပြသူ၊ မြန်မာ့လက်ရွေးစင် အားကစားသမား ဖြစ်လိုသည့်ဆန္ဒရှိသူများကို ရွေးချယ်ပါသည်။

 

သင်တန်းတက်ရောက်လျှင်ရရှိမည့်အခွင့်အရေး

သင်တန်းတက်ရောက်ခွင့်ရရှိပါက နေထိုင်စားသောက်ရေး၊ ကျန်းမာရေးကိစ္စအဝဝအပြင် အားကစားနည်းအလိုက် လိုအပ်သည့်အားကစားဝတ်စုံနှင့် အားကစား အထောက်အကူပြု ပစ္စည်းများ၊ အိပ်ယာလိပ်အပြည့်အစုံ၊ ကျောင်းသုံးစာအုပ်နှင့်စာရေးကိရိယာများ၊ အားကစားနည်း အလိုက် လေ့ကျင့်ရေးသုံး၊ ပြိုင်ပွဲသုံးဝတ်စုံနှင့် အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ အစားအသောက်များအား တစ်ရက်လျှင် ၂၅၀၀/- ကျပ်နှုန်း ဘူဖေးစနစ်ဖြင့် ကျွေးမွေးခြင်း၊ အိပ်ဆောင်များတွင် ရေပူ/ရေအေးနှင့် အဝတ်လျှော်စက်များထားရှိပေးခြင်း၊ အလယ်တန်းအဆင့် တစ်ဦးလျှင် (၈၀၀၀/-) ကျပ်၊ အထက်တန်းအဆင့်တစ်ဦးလျှင် (၁၀၀၀၀/-) ကျပ် ဖြင့်ထောက်ပံ့ပေးထားပါသည်။

 

 

ကျန်းမာရေးစောင့်ရှောက်မူ

စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားသမားများ၊ အုပ်ချုပ်၊ နည်းပြ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ အကြောကျွမ်းကျင် သူများနှင့် (၂၄) နာရီပတ်လုံး အလှည့်ကျတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဒါ့အပြင် စားရိပ်သာတွင် စားရိပ်သာဝန်ထမ်းများ ချက်ပြုတ်ကျွေးမွေးသည့်နေရာတွင် သန့်ရှင်းမူရှိစေရန်နှင့် ကျွေးမွေးမည့် Menu တွင် ကယ်လိုရီပြည့်ဝမူရှိစေရေး၊ အစားအသောက်ကိုင်တွယ်သူ၊ ချက်ပြုတ်ကျွေးမွေးမည့်သူများမှတဆင့် သင်တန်းသား/သူများသို့ ရောဂါကူးစက်မူမရှိစေရေး အတွက် လက်သည်းပိုး၊ နှာခေါင်းပိုးနှင့် သွေးစစ်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ သင်တန်းသား/သူများအား နေ့စဉ်စစ်ဆေးခြင်း၊ အားဆေးများ ပုံမှန်တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

B.sc(sports) သင်တန်းဖွင့်လှစ်မူ

B.sc(sports) သင်တန်းကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းတက်ရောက်ရန် အရည်အချင်းကန့်သတ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်။ (အိမ်ထောင်မရှိသူ(လူပျို/အပျို) ဖြစ်ရမည်။)

(ခ) တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူ ဖြစ်ရမည်။

(ဂ) ပညာသင်နှစ်မတိုင်မီ အနီးဆုံးနှစ်၊ ဒီဇင်ဘာလ(၃၁) ရက်နေ့တွင် အသက်(၁၈) နှစ်ထက်မကြီးသူ ဖြစ်ရမည်။

(ဃ) နှစ်စဉ်ဒဂုံတက္ကသိုလ်တွင် ကျား/မ (၅၀) ဦးနှင့် ရတနာပုံတက္ကသိုလ်တွင် ကျား/မ (၅၀) ဦး၊ စုစုပေါင်း (၁၀၀) ဦးလက်ခံမည်။

(င) သင်တန်းကာလ (၄) ဖြစ်ပါသည်။ အပ်နှင်းသောဘွဲ့မှာ သိပ္ပံဘွဲ့ (အားကစား ဘာသာ) B.Sc (Sports) ဖြစ်ပါသည်။

(စ) ကျန်းမာရေး (က) အဆင့်၊ ခြေလက်အင်္ဂါပြည့်စုံသန်စွမ်းသူ ဖြစ်ရမည်။ ဆွံ့အသူမဖြစ်ရ။ (သက်ဆိုင်ရာ မြို့နယ်ဆရာဝန်ကြီးနှင့် ဌာနဆိုင်ရာ ဆေး ထောက်ခံချက် နှင့်အတူ ကြံ့ခိုင်စွမ်းရည်စစ်ဆေးခြင်းခံယူရမည်။)

(ဆ) အားကစားနည်းတစ်ခုခုတွင် အခြေခံပညာကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲများ၌ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် (သို့) မြို့နယ်အဆင့်ဖြစ်သူ၊ အားကစားနည်း တစ်ခုခုတွင် ခရိုင်/မြို့နယ်အဆင့် (ရွှေ၊ ငွေ၊ ကြေး) ဆု ရရှိသူဦးစားပေးမည်။ (သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်/ ခရိုင်/ မြို့နယ် ပညာရေးမှူးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ထောက်ခံချက်ပါရှိရမည်)

(ဇ) အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သော ကျောင်းသား/သူများအား ဦးစားပေးဝင်ရောက်ခွင့်ပြုသည်။

 

စဉ်

ကျောင်းအမည်

ပြည်တွင်းပြိုင်ပွဲ

ပြည်ပပြိုင်ပွဲ

လက်ရွေးစင်

ရွှေ

ငွေ

ကြေး

ရွှေ

ငွေ

ကြေး

ကျား

ပေါင်း

၁။

သိပ္ပံ(ရန်ကုန်)

၁၉၆

၂၀၀

၁၆၉

၁၁

၂၃

၃၀

၅၃

၂။

သိပ္ပံ(မန္တလေး)

၁၉၈

၁၈၂

၂၂၆

၁၁

၃။

သိပ္ပံ(မော်လမြိုင်)

၂၀

၅၄

၈၃

၄။

သိပ္ပံ(တောင်ကြီး)

၂၃

၂၆

၄၅