အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့် လူငယ်ရေအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မန္တလေးမြို့ရှိ အားကစားကွင်း/အားကစားရုံများနှင့် မန္တလေး အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်း ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာလ(၃)ရက်။

မြန်မာအားကစားအောင်မြင်မှုရရှိရန်နှင့် လူငယ်များ အားကစားကိုလိုက်စားပြီး ကိုယ်ကာယ- စာရိတ္တ ဖွံဖြိုးတိုးတက်လာစေရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ အဆင့်မြှင့်တင်ကောင်းမွန်စေရန် အထူးအရေးကြီးပြီး မျိုးဆက်သစ်အားကစားသမားများ ပြုစုပျိုးထောင်ရာတွင် အဓိက ကျလျက်ရှိရာ သို့ဖြစ်ပါ၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့နံနက် (၁၁)နာရီအချိန်တွင် တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးမြို့ ရွှေမန်းတောင် အားကစားကွင်းရှိ အားကစားသမားများ စခန်းဝင်လေ့ကျင့်နေထိုင်ရန် တည်ဆောက်ပြီးဖြစ်သော (၄)ထပ်ဆောင်အား ကြည့်ရှုစစ်ဆေးပြီး စခန်းဝင်လေ့ကျင့်နေသောအားကစားသမားများ ကျွေးမွေးနေမှု အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ ကယ်လိုရီပြည့်ဝစွာ ပါဝင်သော အာဟာရများအား သန့်ရှင်းသပ်ရပ်စွာ ကျွေးမွေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ရွှေမန်းတောင် ဘောလုံးအားကစားကွင်းတွင် ကြည့်ရှုစစ်ဆေး၍ ဘောလုံးကွင်း စိမ်းလန်းစိုပြည်ရေးအတွက် မြေအောက်ရေဂါလံ(၁၀၀၀၀)ဆံ့ ရေကန်နှင့် ဂါလံ(၃၂၀၀)ဆံ့ ပေ(၃၀)မြင့် ရေစင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်မြေသာဇံမြို့နယ်ရှိ အောင်မြေမန္တလာ ဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေး၍ တိုင်းအဆင့်ဘောလုံးကွင်းအဖြစ် ပြန်လည်ပြုပြင် ပြင်ဆင် ဆောင်ရွက်နေမှုနှင့် အောင်မြေမန္တလာ မိုးလုံလေလုံအားကစားရုံကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဗထူးအားကစားကွင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးကာ ဘောလုံးကွင်း ပိုမိုကောင်းမွန်လာစေရေး ပြုပြင်ရေးလုပ်ငန်းများကို စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီး ဌာနအောက်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများ ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်း ဆောင်နိုင်ရေး၊ ဝန်ထမ်းကောင်းအဖြစ် ကြိုးစားနိုင်ရေး၊ တိုင်း/ခရိုင်/မြို့နယ်အားလုံး မိသားစုစိတ်ဓာတ်ဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ရေး၊ Covid-၁၉ ကာလ ကျန်းမာရေးအထူးဂရုစိုက်၍ စည်းမျဉ်းစည်းကမ်း နှင့်အညီ နေထိုင်လုပ်ကိုင်နိုင်ရေးနှင့် ဝန်ထမ်းများဝင်ငွေထွက်ငွေညီမျှစွာ နေထိုင်စားသောက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအားတွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီး အားကစားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးမှ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ မန္တလေးတိုင်းဒေသကြီးအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးအားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ (သိပ္ပံ)ကျောင်းရှိ သင်တန်းသား/သင်တန်းသူများနှင့် တွေ့ဆုံအမှာ စကား ပြောကြားရာ လက်ရှိအချိန်တွင် မြန်မာ့အားကစားတွင် မျိုးဆက်သစ် အားကစားသမားများအား အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းမှ အများစု မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းတက်ရောက်သော သင်တန်းသား/သင်တန်းသူများ၏ လေ့ကျင့်နေထိုင်မှုအခြေအနေ၊ ကျွေးမွေးစောင့်ရှောက်နေမှုအခြေအနေ၊ ပညာသင်ကြားနေမှုအခြေအနေများအား ပိုမိုကောင်းမွန်အောင် ပံ့ပိုးဆောင်ရွက်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့သည် အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်ရန် ရည်မှန်းကြိုးစားနေကြသူများ ဖြစ်သောကြောင့် မိမိခံယူချက်မြင့်မားစွာထားရှိ၍ သင်ယူ လေ့ကျင့်ရန် လိုအပ်ပါကြောင်း၊ မိမိတို့သည် အားကစားကိုတွဲ၍ လေ့ကျင့်နေရသော သင်းတန်းသား/ သင်တန်းသူများဖြစ်၍ ပညာသင်ကြားရင်း လေ့ကျင့်မှုအရှိန်အဟုန်အပြတ်စေရေး အတွက် Covid-၁၉ ရောဂါကို အထူးဂရုစိုက် နေထိုင်ရန်နှင့် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ နေထိုင်ရန် လိုအပ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်မှ အားကစားသမားဘဝနောင်ရေးအတွက် အာမခံချက်ရရှိရေးမူဝါဒ စီစဉ် ဆောင်ရွက်နေမှု၊ လက်ရှိအားကစားသမားများ အလုပ်အကိုင် အခွင့်အလမ်း ဘဝအာမခံချက်ရရှိရေး စီစဉ်ဆောင်ရွက်နေပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းသား/သင်တန်းသူများအနေနှင့် အားကစားကို တစိုက်မှတ်မှတ် လေ့ကျင့်ပြီး ပညာသင်ကြားရန် လိုအပ်ပါကြောင်း၊ မိမိတို့ဘဝကို အားကစားဖြင့် တည်ဆောက်ကြိုးစားရာတွင် ကံ၊ ဉာဏ်၊ ဝီရိယကို အဓိကထား၍ မဆုတ်မနှစ်သောဇွဲဖြင့် ကြိုးစား ကြစေလိုပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာ(သိပ္ပံ)ရှိ ဝန်ထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းများ စည်းစည်းလုံးလုံးနှင့် ဌာနအလုပ်များကို ပျော်ရွှင်စွာ လုပ်ကိုင်သွားနိုင်မည် ဖြစ်ကြောင်း၊ Covid-၁၉ ရောဂါနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းအတိုင်း နေထိုင်သွားကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများသည် ဝန်ထမ်းကောင်းများအဖြစ်နေထိုင်ကျင့်ကြံပြီး သိပ္ပံကျောင်းရှိ သင်တန်းသားများအား မိမိတို့၏ သားသမီးများသဖွယ် စိတ်ဓာတ်ထား ကျွေးမွေးစောင့်ရှောက်၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်ပေါ်လာအောင် လေ့ကျင့်သင်ကြားပေးရန်လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာ(သိပ္ပံ)မန္တလေးရှိ စားရိပ်သာနှင့် သင်တန်းသား/သင်တန်းသူအိပ်ဆောင် ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ သင်တန်းသား/ သင်တန်းသူများအား အားကစားနည်းအလိုက်ဖြစ်သော တင်းနစ်၊ မြား၊ ဘတ်စကတ်ဘော၊ ရေကူး၊ ပြေးခုန်ပစ်၊ ဘောလုံး၊ ကြိုးတပ်သံလုံး၊ ကရာတေး၊ ဂျူဒို၊ လှေလှော်၊ တိုက်ကွမ်ဒို၊ Boxing၊ စာပွဲတင်တင်းနစ်၊ အလေးမ၊ ဝူရှူး၊ ဖူဆယ်အားကစားနည်းများ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေး၍လည်းကောင်း၊ မန္တလာသီရိဘောလုံးအားကစားကွင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။