အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လေကြောင်းနှင့်ရေကြောင်း လူငယ်(သင်တန်းသား/သင်တန်းသူ)များအား လူငယ်အသိပညာပေးဆိုင်ရာများ ဆွေးနွေးမှာကြားခြင်း

နေပြည်တော်၊ မေလ ၁၆ ရက်။

ကျောင်းသား/ ကျောင်းသူမျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းအခြေခံနှင့် တန်းမြင့်သင်တန်းများကို ရေကြောင်းလူငယ် သင်တန်းစခန်း(၁၁)ခု၌ သင်တန်းသား/သင်တန်းသူ (၇၁၂)ဦးဖြင့်လည်းကောင်း၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) သင်တန်းများကို သင်တန်းစခန်း(၁၇)ခု၌ သင်တန်းသား/ သင်တန်းသူ (၆၈၀)ဦးတို့ဖြင့်လည်းကောင်း၊ ဧပြီလ(၂၄)ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

လူငယ်ဘက်စုံဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီမှ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်သို့ သွားရောက်၍ သင်တန်းတက်ရောက်နေသည့် လေကြောင်းလူငယ် သင်တန်းသား/သင်တန်းသူများအား လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆိုင်ရာများကို တွေ့ဆုံ အမှာစကားပြောကြား၍ သင်တန်းသား/သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားကစားပစ္စည်းဘောလုံး(၁၀၀)ကို ပေးအပ်လှူဒါန်းခဲ့ပါသည်

အခမ်းအနားသို့ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ ခရိုင်လူငယ်ရေးရာကော်မတီမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ ဒုတိယဝန်ကြီးသည် မေလ(၁၅)ရက်နေ့ကလည်း ရန်ကုန်မြို့၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်တွင် တပ်မတော်(ရေ)က ဖွင့်လှစ်သည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများဆင်းပွဲသို့ တက်ရောက်ခဲ့ပြီး ဂုဏ်ပြုအမှာစကားပြောကြားကာ အားကစားပစ္စည်းဘောလုံး (၁၀၀)လုံးအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။