အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့နိုင်ငံလှေလှော်အဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ်(၇)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် (၁၁)နာရီခွဲ တွင် ရန်ကုန်မြို့၊ အင်းလျားကန်တွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့နိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ သွားရောက်၍ (၆)ခန်းတွဲ (၄)ထပ် အမျိုးသမီးအိပ်ဆောင် တည်ဆောက်မည့်မြေနေရာအား အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်မည့်မြေနေရာနှင့်ပတ်သက်၍ တာဝန်ရှိသူများကို လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် တည်ဆောက်လျက်ရှိသည့် အမျိုးသားအိပ်ဆောင်၊ အမျိုးသမီးအိပ်ဆောင်နှင့် စားရိပ်သာ/ စားဖိုဆောင်တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ စံချိန်စံညွှန်း အရည်အသွေးပြည့်မီပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးအတွက် စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။