အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇွန် (၁၂)ရက်။

မြန်မာ့ရိုးရာခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်နယ်/တိုင်းဒေသကြီး များမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ (၄၃)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ တတိယ‌နေ့ ပွဲစဉ်များကို ယနေ့ နံနက်(၉)နာရီတွင်  နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေး ခဲ့ပါသည်။

ယနေ့ နံနက်ပိုင်း ပွဲစဉ်များအဖြစ် အမျိုးသမီး (၄)ပေါက်တန်း ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီး အသင်းမှ ရမှတ် (၄၅၃)မှတ်၊ နေပြည်တော်ကောင်စီနယ်မြေအသင်းမှ ရမှတ် (၄၅၇)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသား (၆)ပေါက်တန်း ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ရမှတ် (၈၁၀)မှတ်၊ ရခိုင် ပြည်နယ်အသင်းမှ ရမှတ် (၅၀၆)မှတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ရမှတ် (၁၃၇၈)မှတ်နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ ရမှတ် (၉၀၈)မှတ်တို့ အသီးသီး ရရှိခဲ့ကြပါသည်။

ဆက်လက်ပြီး နေ့လယ်ပိုင်းပွဲစဉ်များကို မွန်းလွဲ (၁)နာရီအချိန်တွင် စတင်ကစားခဲ့ကြရာ အမျိုးသား (၆)ပေါက်တန်း အသင်းလိုက်ပွဲစဉ်များအဖြစ် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ရမှတ် (၅၅၇)မှတ်၊ ကရင်ပြည်နယ်အသင်းမှ ရမှတ် (၆၃၇)မှတ်၊ ရှမ်းပြည်နယ်အသင်းမှ ရမှတ် (၆၆၃)မှတ်၊ မွန်ပြည်နယ်အသင်းမှ ရမှတ် (၇၀၀)မှတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ရမှတ် (၁၃၅၃)မှတ်၊ မကွေးတိုင်းဒေသကြီးအသင်းမှ ရမှတ် (၁၁၄၃)မှတ်၊ နေပြည်တော်ကောင်စီနယ်မြေအသင်းမှ ရမှတ် (၈၀၈)မှတ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရမှတ် (၇၂၈)မှတ်တို့ အသီးသီး ရရှိခဲ့ကြပါသည်။

အမျိုးသမီး (၄)ပေါက်တန်း ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ စုစုပေါင်း ရမှတ် (၁၅၅၆) မှတ်ဖြင့် ပထမ၊ ရန်ကုန် တိုင်းဒေသကြီးအသင်းမှ စုစုပေါင်းရမှတ် (၁၃၇၂)မှတ်ဖြင့် ဒုတိယ၊ ပဲခူးတိုင်း ဒေသကြီးအသင်းမှ စုစုပေါင်းရမှတ် (၉၈၇)မှတ်ဖြင့် တတိယ ရရှိခဲ့ကြပါသည်။          

(၁၃.၆.၂၀၂၂)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် အမျိုးသား (၆)ပေါက်တန်း ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။