အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဗီယက်နမ်၊ မေ(၁၂)။

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ဖွင့်ပွဲအခမ်းအနားကို မေလ ၁၂ ရက်၊ ဒေသစံတော်ချိန် ည ၈ နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ My Dinh National Stadium ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အုပ်ချုပ်/နည်းပြ၊ အားကစားသမားများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ်နိုင်ငံ သမ္မတ Nguyễn Xuân Phúc က ၃၁ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့ပြီး ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို (၂၀၀၃) ခုနှစ်က အိမ်ရှင်အဖြစ် ပထမအကြိမ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံရှိ မြို့ကြီး ၁၂ မြို့တွင် မေလ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ အားကစားနည်း ၄၀ နည်းမျိုး ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။