အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင် တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်း ဆင်းပွဲအခမ်းအနားသို့တက်ရောက်

နေပြည်တော်၊ မေလ (၆) ရက်။

ဝန်ထမ်းများ ရုံးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် ရုံးလုပ်ငန်းများကို ကောင်းမွန်စွာ သိရှိနားလည်ပြီး ပင်မလုပ်ငန်းတာဝန်များကို စနစ်တကျဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ဖွင့်လှစ်ခဲ့သော လူငယ်ရေးရာဦးစီးဌာန၏ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၂)သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၃:၃၀)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ လူငယ်ရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာန၏ ရည်မှန်းချက်များ မူဝါဒများနှင့် လုပ်ငန်း စဉ်များကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်မည့် အရာထမ်း/အမှုထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို ကောင်းမွန်စွာ သိရှိနားလည်ပြီး လုပ်ငန်းတာဝန် များကို ပိုမိုကျွမ်းကျင်စွာဖြင့် စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်ရာ၌ နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားကို အဓိကမောင်းနှင်နေသော နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေး ကြီးပါကြောင်း၊ ဝန်ထမ်းအချင်းချင်း နိုင်ငံ့ဝန်ထမ်းကောင်းစိတ်ဓာတ်အပြည့်အဝဖြင့် တစ်ဦးနှင့်တစ်ဦး အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး မိမိတို့ဌာန တိုးတက်ရေးအတွက် ယခုသင်တန်းမှ ပို့ချပေးခဲ့သော အသိပညာ၊ အတတ်ပညာများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက် လူငယ်ရေးရာ ဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော “ လူငယ် အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့” ဆိုသည့်အတိုင်း လူငယ်ရေးရာ ကိစ္စရပ်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင် ရွက် ကြမည့် ဝန်ထမ်းများအနေဖြင့် မိမိတို့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်းများ အစဉ်တိုးတက်နေစေရန် လေ့လာသင့်သည့် ပညာရပ်များကို ဆည်းပူး လေ့လာပြီး အမြဲကြိုးစားအားထုတ်သွားကြရန်လိုကြောင်း၊ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်၍ နိုင်ငံတော်မှ အားထားရသော ဝန်ထမ်းကောင်းများ ဖြစ်အောင်ကြိုးစားပြီး တစ်ဦးကောင်း တစ်ယောက်ကောင်းစိတ်မမွေးဘဲ အဖွဲ့အစည်းစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် မိမိတို့ ဌာန အောင်မြင်တိုးတက်စေရန်အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း၍စည်းလုံးညီညွတ်စွာဖြင့် ရုံးလုပ်ငန်း တာဝန်များကို ထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ သင်တန်းသားများကိုယ်စား သင်တန်း သား/ သင်တန်းသူ(၂)ဦးအား သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း၊ သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် သင်တန်းသူ ဒေါ်ဝေမာလင်း (အကြီးတန်းစာရေး)အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်အားလည်းကောင်း၊ သင်တန်း နည်းပြဆရာမ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒေါ်စန္ဒာဝင်း (လက်ထောက်ညွှန်ကြားရေးမှူး)အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။