အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာ့လက်ရွေးစင် မြားပစ်အားကစားသမားများ၏ ပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ တက်ရောက် ကြည့်ရှုအားပေး

နေပြည်တော်၊ မေလ (၃) ရက်။

မြန်မာနိုင်ငံမြားပစ်အားကစားအဖွဲ့ချုပ်အနေဖြင့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရန် ရည်ရွယ်၍ မြားပစ်အားကစားသမားများအား ပြိုင်ပွဲအကြိုလက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲကို ယနေ့ နံနက်(၈:၃၀)နာရီအချိန်တွင် နေပြည်တော် မြားပစ်အားကစားပြိုင်ကွင်း၌ အမျိုးသား၊ အမျိုးသမီး Recurve/ Compound ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပနေမှုများကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ မြားပစ်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတောက်ထွန်းနှင့်တာဝန်ရှိသူများမှ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်လက်ပြီး ယနေ့ နံနက်ပိုင်းပွဲစဉ်များအဖြစ် အမျိုးသား၊ အမျိုးသမီး Compound မီတာ (၅၀) ကွာတားဖိုင်နယ်ပြိုင်ပွဲ၊ Recurve / Compound မီတာ(၇၀/၅၀) ဆီမီးဖိုင်နယ်ပြိုင်ပွဲ၊ Recurve အမျိုးသား မီတာ(၇၀) တတိယလုပွဲနှင့် Recurve (Mixed Team)မီတာ (၇၀) ဆီမီးဖိုင်နယ်ပြိုင်ပွဲ၊ Recurve (Mixed Team) မီတာ(၇၀/၅၀) တတိယလုပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် Recurve (Mixed Team)၊ Recurve Men Individual၊ Recurve Women Individual နှင့် Compound Individual ပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ Recurve (Mixed Team) ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ကြသည့် မောင်နေလင်းဦးနှင့် မယမင်းသူ၊ ဒုတိယဆုရရှိခဲ့ကြသည့် မောင်ကောင်းခန့်မော်နှင့် မဇာခြည်ဝင်း နှင့် တတိယဆုရရှိခဲ့ကြသည့် မောင်ထိုက်လင်းဦးနှင့် မပြည့်စုံနှင်းတို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း၊ Recurve Men Individual ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မောင်ကောင်းခန့်မော်၊ ဒုတိယဆုရရှိခဲ့သည့် မောင်နေလင်းဦးနှင့် တတိယဆုရရှိခဲ့သည့် မောင်ထိုက်လင်းဦးတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ Compound Individual ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မောင်ဇင်သူရိန်မှူး၊ ဒုတိယဆုရရှိခဲ့သည့် မစုစုလှိုင်နှင့် တတိယဆုရရှိခဲ့သည့် မောင်နေမျိုးအောင်တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ လည်းကောင်း Recurve Women Individual ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မပြည်စုံနှင်း၊ ဒုတိယဆုရရှိခဲ့သည့် မဇာခြည်ဝင်း နှင့် တတိယဆုရရှိခဲ့ကြသည့် မသီတာနွယ်တို့အား မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတောက်ထွန်းမှလည်းကောင်း (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ Compound အားကစားနည်းတွင် ထိုင်းနိုင်ငံမှ ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမား၏ ရမှတ်(၁၄၁)မှတ်ကို ကျော်လွန်၍ ရမှတ် (၁၄၅) မှတ်ဖြင့် စံချိန်ချိုးခဲ့သည့် Compound အားကစားသမား မောင်ဇင်သူရိန်မှူးအား အကောင်းဆုံး အားကစားသမားဆုကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။