အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁/၂၀၂၂) သင်တန်းနှင့် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဧပြီ(၂၅)ရက်။

ဝန်ထမ်းများအရည်အသွေးပြည့်ဝပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် ဝန်ထမ်း စည်းမျဉ်း/ စည်းကမ်းများကိုသိရှိနားလည်၍ ခံယူချက်၊ ယုံကြည်ချက်မှန်ကန်စွာဖြင့် လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်း များဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၈)နာရီခွဲ အချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ  (Multipurpose Hall) ၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ ယခုသင်တန်းသည် လူငယ်ရေးရာဦးစီးဌာနကို စတင်ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ် တကျ ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်နိုင်စေရန်၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများ၊ ဘဏ္ဍာရေး စည်းမျဉ်း/စည်းကမ်းများနှင့် ရုံးလုပ်ငန်းများအား ကောင်းမွန်စွာသိရှိနားလည်ပြီး လုပ်ငန်းများကို ပိုမိုကျွမ်းကျင်စွာဖြင့် စနစ်တကျ လျင်လျင်မြန်မြန် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဦးစီးဌာနအနေဖြင့် နောင် အနာဂတ်တွင် တိုင်းပြည် တာဝန်လွှဲပြောင်း ထမ်းဆောင်ရမည့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံ၍ အတွေးအခေါ်မြင့်မားပြီး မှန်ကန်စွာတွေးခေါ်တတ်စေရန် လမ်းညွှန်ပြသပေးရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ မိသားစုသဖွယ် ညီအစ်ကိုမောင်နှမ စိတ်ဓာတ်ဖြင့် အချင်းချင်းကူညီရိုင်းပင်းပြီး လူငယ်လူရွယ်များကို အနာဂတ်တွင် လူတော်လူကောင်းများ ဖြစ်လာစေရန် ပံ့ပိုးကူညီ၍ ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း မိမိတွင်ရှိသော အတွေ့အကြုံများနှင့် အခြားသူများ၏ အတွေ့အကြုံများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ အောင်မြင်အောင် ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဌာနမှချမှတ်ထားသော မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်ကြားပို့ချ သော သင်ခန်းစာများကို အပတ်တကုတ်ကြိုးစားသင်ယူကြရန်လိုအပ်ကြောင်း၊ သို့မှသာ ခိုင်မာအားကောင်းပြီး စွမ်းဆောင်ရည်ပြည့်ဝသောအဖွဲ့အစည်းများအဖြစ် ရပ်တည်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်းများ ပြည့်ဝစေရန် အစဉ်အမြဲကြိုးစားအားထုတ်လေ့လာကြရန်လိုအပ်ပါကြောင်း၊ “ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော စကားနှင့်အညီ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် အရည်အချင်းပြည့်ဝ၍ စွမ်းဆောင်ရည်ရှိပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများ များစွာလိုအပ်သည့်အတွက် ယခုသင်တန်းမှ ပို့ချချက်များကို မိမိတို့၏ လုပ်ငန်းခွင့်လက်တွေ့နယ်ပယ်များ၌ ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာ ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူ (၂၇)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလအား (၂၅.၄.၂၀၂၂)ရက်နေ့မှ (၆.၅.၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပါသည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ နွေရာသီအားကစား သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)မှ  တာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်မည့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြ ပါသည်။

ဆက်လက်ပြီး နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်မှ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝူရှူးအားကစားနည်းမှ မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ သရုပ်ပြသနေမှုများအားလည်းကောင်း၊ ပျဉ်းမနားမြို့နယ် ဆွေသဟာခြင်းလုံးကလပ်မှ ခြင်းလုံးအားကစားသမားများ၏ ခြင်းလုံးအလှပြ သရုပ်ဖော်ကစားနေမှုများအားလည်းကောင်း၊ ပုဗ္ပသီရိမြို့နယ် Sports သိုင်းကလပ်မှ သိုင်းအားကစားသမားများ၏ သရုပ်ပြကစားနေမှု များအားလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် Fitness Dance အဖွဲ့နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန Fitness Dance အဖွဲ့တို့၏ သရုပ်ပြ ဖျော်ဖြေမှုများအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဌဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများမှ မြို့နယ်အလိုက်အားကစား ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်းနှင့် သရုပ်ပြသခဲ့သည့် အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းကာလအား (၂၅.၄.၂၀၂၂)ရက်နေ့မှ (၁၄.၅.၂၀၂၂) ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ အင်အား(၈၀၀)ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။