အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဂျပန်နိုင်ငံရှိ (SEISA KOKUSAI High School) တွင် ပညာသင်ကြားပြီး ပြန်လည်ရောက်ရှိ လာသော အား/ကာ(သိပ္ပံ)ကျောင်းများမှ ကရာတေးဒို အားကစားသမားများအားတွေ့ဆုံ

နေပြည်တော်၊ ဧပြီ(၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့နှင့်အတူ (၃၀.၃.၂၀၁၉)ရက်နေ့မှ (၃၁.၃.၂၀၂၂)ရက်နေ့အထိ ဂျပန်နိုင်ငံရှိ (SEISA KOKUSAI High School)တွင် အထက်တန်းကျောင်းပညာအပြင် ကရာတေးဒို အားကစားနည်းဆိုင်ရာဘာသာရပ်နှင့်ဂျပန်စကားများလည်း သင်ကြားတတ်မြောက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကရာတေးဒိုအားကစားသမားများအား တွေ့ဆုံသည့်အခမ်းအနားကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ဂျပန်နိုင်ငံတွင် ပညာသင်ကြားပြီး ပြန်လည်ရောက်ရှိလာသည့် အားကစား နှင့်ကာယပညာသိပ္ပံ (တောင်ကြီး)မှ မောင်ကောင်းခန့်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)မှ မစုမြတ်မြတ်နိုင်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ မထက်ယမင်းဦးတို့ (၃)ဦးအား နိုင်ငံ့ကိုယ်စားပြု ပညာတော်သင် စေလွှတ်ခံရခြင်းသည် အလွန်ကံကောင်းကြကြောင်း၊ ယခုလို ရတောင့်ရခဲအခွင့်အရေးကို ရရှိခြင်းသည် ကိုယ်ပိုင်အရည်အချင်းရှိ၍ ရွေးချယ်စေလွှတ်ခံရခြင်းဖြစ်ပြီး ကျန်းကျန်းမာမာနှင့် သင်တန်းကာလပြီး မြောက်အောင်ပညာသင်ကြားပြီး ပြန်လည်ရောက်ရှိလာသည့်အတွက် ဝမ်းသာဂုဏ်ယူစွာဖြင့် ကြိုဆို ကြောင်း၊ မိမိသည် အားကစားသမားတစ်ဦးဖြစ်သည့်အတွက် အားကစားသမားများ၏ စိတ်ခံစားချက်များ ကို နားလည်စာနာပေးနိုင်ပြီး အားကစားသမားမျာကို ချစ်မြတ်နိုးလေးစားဂုဏ်ယူပါကြောင်း၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားရန်ထပ်မံကမ်းလှမ်းလာသည့်အတွက် အရည်အချင်းပြည့်ဝပြီး စည်းကမ်းလိုက်နာသူ၊ မိမိနိုင်ငံ အပေါ်သစ္စာရှိ၍ ချစ်မြတ်နိုးသူ၊ သက်မှတ်အရည် အချင်းနှင့်ကိုက်ညီသူ (၂)ဦးအား ရွေးချယ်စေလွှတ် သွားမည်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် မိမိနိုင်ငံမိမိအားကစားနည်းကို ချစ်မြတ်နိုးပြီး ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် အနိုင်မခံ/အရှုံးမပေးဘဲ ပြိုင်ပွဲမပြီးဆုံးခင် နောက်ဆုံးအချိန်ထိ မ ဆုတ်မနစ်သောဇွဲ၊ စိတ်ဓါတ်၊ သတ္တိတို့ဖြင့် အကောင်းဆုံးယှဉ်ပြိုင်ကစားကြရမည်ကို မိမိတို့၏ရင်ထဲ၊ နှလုံးသားထဲ၊ အသွေး အသား ထဲအထိ မှတ်သားထားရန်လိုကြောင်း၊ ယခုပြန်လည်ရောက်ရှိလာသည့် ကရာတေးဒိုအားကစားသမား (၃)ဦးသည် ကရာတေးဒိုအားကစားနည်း၏ (Human Resource) လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အတွက် ၎င်းအားကစားသမားများ၏ ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် သင့်လျော်သည့်အခွင့်အလမ်းများအား ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မိမိတို့၏ ဘဝတွင် ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်ဆောင်ရင်း ရရှိခဲ့သည့်အတွေ့ကြုံများကို လေ့လာသုံးသပ်၍ အောင်မြင်သောဘဝကို ပိုင်ဆိုင်ရရှိနိုင်အောင် ကြိုးစားအကောင် အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။