အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်တင်ပွဲ/ ရုံးခန်း ဖွင့်ပွဲမင်္ဂလာအခမ်းအနားနှင့် အလေးမအားကစားနည်းပြိုင်ပွဲအသွင် ဆန်းစစ်ပြိုင်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ဧပြီလ(၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်း ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၈:၄၅)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လူငယ်ရေးရာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ပြည်ထောင်စုဝန်ကြီးရုံးမှ အရာထမ်းများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်ခလုတ်နှိပ်၍ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်အား ဖွင့်လှစ်ပေးခြင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပတ်ဖြန်းပေးခြင်းနှင့် ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးခြင်းများ ပြုလုပ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်အမှာစကား ပြောကြားရာတွင်-

ယခင်က လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူငယ်ရေးရာနှင့်ပတ်သက်သည့် လုပ်ငန်းရပ်များကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှစတင်၍ တိုးချဲ့ဖွဲ့စည်းဆောင် ရွက်ခဲ့ပြီး လူငယ်ရေးရာဦးစီးဌာနကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖွဲ့စည်းခွင့်ပြုခဲ့သည့်အတွက် လူငယ်များ၏ အနာဂတ်အလားအလာကောင်းများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လူငယ်ရေးရာဦးစီးဌာန၏ မူဝါဒ (၇)ရပ်၊ ရည်မှန်းချက်(၇)ရပ်နှင့် လုပ်ငန်းစဉ်(၁၀)ရပ်ကို ချမှတ်ထားရှိပြီး လူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားအတွက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)တို့နှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ် ပြည်ချစ်စိတ်ဓာတ်၊ တာဝန်ယူမှု/တာဝန်ခံမှုများနှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့သားကောင်းလူငယ်များ ဖြစ်လာစေရေး စနစ်တကျ ပြုစုပြိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေနှင့် ပြန်ကြား ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနများနှင့်ပူးပေါင်းပြီး လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများကို ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်ပေါင်း (၁၀၆) မြို့နယ်မှ အခြေခံပညာကျောင်းများတွင် အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခဲ့ပြီး လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစတဲ့ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ၊ သင်တန်းများကို ဆက်လက်ဖွင့်လှစ် ဆောင် ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် အာဆီယံ လူငယ်ဆိုင်ရာလုပ်ငန်းများဖြစ်သည့် အာဆီယံလူငယ်ရေးရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (Senior Officials Meeting on Youth-SOMY)၊ အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး (ASEAN Ministerial Meeting on Youth-AMMY)ရဲ့ တာဝန်ဝတ္တရားများကိုလည်း လှစ်ဟာမှုမရှိစေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် အာဆီယံလူငယ်ရေးရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးနှင့် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပသွားရမည်ဖြစ်သည့်အတွက် ယခုကတည်းက ကြိုတင်ပြင်ဆင် ချိတ်ဆက်ဆောင်ရွက်ထားရှိရန် အလေးထားမှာကြားလိုကြောင်း၊ လူငယ်များအကြား အသိပညာနှင့် ကိုယ်ကျင့်တရားများ တိုးတက်မြင့်မားလာပြီး ပြည်ထောင်စုစိတ်ဓါတ်အပြည့်ဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာနိုင်စေရေးအတွက် လူငယ်ရေးရာဦးစီးဌာနတွင် အဓိကတာဝန်ရှိသည့်အတွက် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် မိသားစု အသွင် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး အပြန်အလှန်ဆက်ဆံပြီး ကြိုးကြိုးစားစားဖြင့် ကြိုးပမ်းကာ စဉ်ဆက်မပြတ် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်ရေးရာဦးစီးဌာနမှ ဌာနခွဲများဖြစ်သော စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ၊ မသန်စွမ်းလူငယ်ရေးရာဌာနခွဲ၊ သတင်းပြန်ကြားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ်လေ့ကျင့်ရေးနှင့် အသိပညာပေးဌာနခွဲများ၏ ရုံးခန်းများ အားလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက်  တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများအချင်းချင်း မိသားစုစိတ်ဓါတ်နှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးလေးစားစား ဆက်ဆံကြရန် နှင့် ကျန်းမာရေးအထူးဂရုစိုက်၍ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကြိုးကြိုးစားစားထမ်းဆောင် ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓီအားကစားကွင်း အလေးမအားကစားရုံ၌ လေ့ကျင့်လျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် အလေးမအားကစားသမား (အမျိုးသား/အမျိုးသမီး)များ၏ ဝိတ်တန်းအလိုက် ပြိုင်ပွဲအသွင် ဆန်းစစ်ယှဉ်ပြိုင်ကစားနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။